အပိုင်း (၁၄)

215 4 0
                                    

My Stalker(မင်းရဲ့အရိပ်ကလေး)
အပိုင်း(၁၄)

"ဦးဦး!..."
ဂေဟာထဲဝင်လိုက်သည်နှင့် ကလေးတွေက မိုးသားလွှမ်းကိုပြေးဖက်ကြသည်။

သူ့ဘေးကညှို့က အနွေးထည်တွေ၊ mask.တွေ၊ ဦးထုတ်တွေကိုဆွဲချွတ်၍ နေကာမျက်မှန်ကိုဖယ်လိုက်လျှင်...

"ဟိုမှာ မမညှို့လမင်း..."

ကလေးတွေက ဝမ်းသာအားရအော်ဟစ်ကြသည်။ သူ့ဆီကနေ ညှို့ဘက်အပျော်လွန်ကာပြေးလာပေမယ့် အနားလည်းမကပ်ရဲကြဘဲ ခပ်တွန့်တွန့်ဖြစ်နေကြ၍ ညှို့မှာပြုံး၍လက်လေးကမ်းပေးလိုက်သည်။

"ရေး!!..."

ထိုအခါမှ ကလေးငယ်လေးတွေက ညှို့အနားပျားလုပ်သားလေးတွေလိုစု၍ ဝမ်းမြောက်ဝမ်းသာ ပြေးဖက်ကြသည်။

ဂေဟာက ကလေးအယောက်လေးဆယ်လောက်ရှိကာ မွေးကင်းစအရွယ်လေးကအစ ကိုယ့်ခြေထောက်ပေါ်တန်တည်နိုင်စွမ်းမရှိသေးတဲ့အရွယ်အထိ အကုန်ပါသည်။
အလှူအတန်းလုပ်သည်ဟုခေါင်းစဥ်တတ်ထားပေမယ့် ဒီကျ ဂေဟာရဲ့ဝေယျာဝစ္စတွေကို တထောင့်တအား အားဖြည့်ကူလုပ်ရင်း ညှို့ရော၊ သူရော မအားနိုင်ကြပေ။ ဒါကြောင့်လည်း သူကသူ့ညီမနီလာကိုပါ အလုပ်ကူလုပ်ဖို့ခေါ်လာတာဖြစ်မည်။

ကလေးလေးတွေအတွက် ထောက်ပံ့ငွေနဲ့မုန့်အချို့ကို သူကဂေဟာမှူးအားပေးလိုက်သည်။ သူကထောက်ပံ့ငွေလှူဒါန်းတာဖြစ်ပြီး မုန့်တွေက ကလေးတွေအတွက် လမ်းမှာ ညှို့နဲ့နီလာဝယ်လာခဲ့တာပင်။ သူက တစ်လတစ်ခါ ဒီဂေဟာကိုလိုအပ်တာတွေ လာလှူနေကျဟူ၍လည်း ဂေဟာမှူးဆီကပြန်သိရသည်။

သူက ကလေးတွေ နေ့လည်စာထမင်းအလှူရှင်ကို မေတ္တာပို့စားသောက်ပြီးလျှင် ပန်းကန်ဆေးတဲ့နေရာသွား၍ ဝင်ကူလုပ်သည်။ ညှို့နဲ့နီလာကသာ ချစ်စရာကောင်းတဲ့ကလေးငယ်တွေနဲ့ အဖွဲ့ကျနေ၏။
သူတို့အလိုကျ သီချင်းဆိုပြ၊ကပြပေးရကာ သူတို့နဲ့အတူကစားပေးရသည်။ အိပ်ချိန်ရောက်တော့လည်း မအိပ်ခင်ပုံပြင်တွေတစ်လှေကြီးပြောပြပေးရသည်။ သူတို့ကခိုင်းသည်မဟုတ်ပေမယ့် မျှော်တလင့်လင့်မျက်နှာလေးတွေကြောင့် ညှို့တို့မှာ မိဘမဲ့ကလေးလေးတွေအပေါ် သနားကြင်နာပိုရသည်။ သူတို့မှာ အရွယ်မတိုင်ခင်မိဘကိုဆုံးရှုံးထားရပြီး စိန်ကောက်ဆိုးနွဲ့ချင်ရင်တောင် ဆိုးစရာလူမရှိ။

My Stalker (မင်းရဲ့အရိပ်ကလေး)Where stories live. Discover now