အပိုင်း (၂၂)

132 6 1
                                    

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၂၂)

ကျုံးကိုတဝငေးကြည့်ပြီး စိတ်ကြည်လင်ပြီဆိုမှ ညှို့နဲ့သူ အခြားနေရာထွက်လာရသည်။ မိုးသားလွှမ်းက မနက်စာမစားရသေးဘူးဆို၍ သူ့ဗိုက်အရင်ဖြည့်ရန် နန်းရှေ့ကခေါက်ဆွဲဆိုင်မှာ နန်းကြီးသုပ်ဝင်စားကြသည်။ မနက်အလုပ်ဆင်းချိန်မို့ ဆိုင်ထဲ မနက်စာဝင်စားသူတွေ၊ ပါဆယ်ဆွဲသူတွေနဲ့လူရှုပ်နေလျှင် ညှို့တို့လည်း ပါဆယ်သာယူခဲ့ကြသည်။ သူက မျက်နှာကိုဖုံးမထားပေမယ့် ညှို့က mask နဲ့။

ညှို့တို့ ပါဆယ်စောင့်နေတော့ အခြားသူတွေက ညှို့တို့ဆီကိုကွက်ကြည့်ကွက်ကြည့်လုပ်နေသည်ကြောင့် အရင်တစ်ခါလိုမဖြစ်စေရန် ညှို့မှာ မျက်နှာကို အောက်ငုံ့ထားရသည်။ ဒါကိုအခွင့်ကောင်းယူ၍ ဘေးချင်းကပ်ထိုင်နေတဲ့သူက ညှို့ကိုဖက်သလိုလိုနဲ့ ညှို့ခေါင်းလေးကို သူ့ရင်ခွင်ထဲထည့်သည်။ ညှို့ကလည်း ညှို့တို့ကို သူ,မသိစေချင်သည်ကြောင့် မထူးဇာတ်ခင်း၍ ငြိမ်နေလိုက်ရသည်။

သို့ပေမယ့် မိုးသားလွှမ်းက ဒီလောက်နဲ့မပြီး။ အောက်ကကျနေသောလက်တွေကို လက်ဖဝါးချင်းလည်း ချိတ်ဆက်ထားသေး၏။ ညှို့ ကြိတ်ရုန်းပေမယ့်မရ။ သူ့ရင်ခွင်ထဲကနေ သူ့ကိုမော့ကြည့်တော့ ပြုံးတုံ့တုံ့နဲ့။

‘မင်းဖယ်နော်...’

‘မဖယ်ဘူး...’

‘မင်းဖယ်မှာလား? မဖယ်ဘူးလား?’

‘မဖယ်ဘူး... ရရင် ရုန်းကြည့်...’

နှစ်ယောက်သား အကြည့်ချင်းဖလှယ်၍ နှုတ်ခမ်းမဟဘဲ စကားစစ်ထိုးနေကြသည်။ ညှို့ကစိတ်ဆိုးဒေါသထွက်နေသလောက် သူက နဲနဲမှ အလျော့ပေးလိုဟန်မရှိ။

“အစ်ကိုတို့မှာထားတဲ့နန်းကြီးသုတ် ရပါပြီခင်ဗျ...”

စကားပွဲထိုးကောင်လေးက လာပို့မှ သူကညှို့ကိုလွှတ်ပေးကာ ပိုက်ဆံရှင်းသည်။ မလွှတ်ပေးခင် လူကိုအသားယူကာ နားထင်စပ်နားကိုငုံ့လျှိုး၍ ကုန်းနမ်းလိုက်သေး၏။

“နောက်ရက် ဆိုင်ကယ်ယူမလာနဲ့... မင်းဆိုင်ကယ်က အမြင့်ကြီးပဲ...”

ဆိုင်ကယ်ပေါ်မတက်ခင် ညှို့ကပွစိပွစိပြောတော့ သူက ခေါင်းညိမ့်သည်။ ပြီးစလွယ်ပြန်ဖြေတာလား၊ တကယ်လားတော့မသိ။ သူက ညှို့စကားကို တစ်ခါမှ နားထောင်ဖူးတဲ့သူ,မဟုတ်တော့ အစပိုင်းက ညှို့တောင် ကြောင်သွားရသည်။

My Stalker (မင်းရဲ့အရိပ်ကလေး)Where stories live. Discover now