အပိုင်း (၁၅)

226 4 0
                                    

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၁၅)

နီလာက သူ့မွေးနေ့မို့ ညှို့တို့ကိုဆိုင်တစ်ဆိုင်မှာ လိုက်ကျွေးသည်။ သူ့ဝမ်းကွဲအစ်ကို မိုးသားလွှမ်းလည်းပါသလို ကုမ္ပဏီကသူ့အသိ ကောင်မလေး လေး၊ငါးယောက်က်ကိုပါ ခေါ်လာခဲ့၏။

ဟော့ပေါ့ဆိုင်မို့ ကိုယ်ကြိုက်တဲ့အကင်တွေ၊ အသားငါးဟင်းသီးဟင်းရွက်တွေရွေးကာ မီးဖိုပွက်ပွက်ဆူအောင်တင်ထားသော ဟင်းရည်အိုးထဲထည့်ကာချက်စားကြသည်။ ပြည်ကြီးငါး၊ကင်းမွန်၊ရေဘဝဲ၊ပုစွန် ပင်လယ်သတ္တဝါအကုန်ရသလို အသား၊ငါးလည်းစုံသည်။ ဟင်းရည်အိုးထဲချက်းစားတဲ့အပြင် အသားကင်ဖို့ နေရာသပ်သပ်လုပ်ပေးထားတာကြောင့် အသားညှပ်သူကညှပ်၊ ကင်သူကကင်၊ ဟင်းအိုးထဲထည့်ချက်သူကချက်ဖြင့် နီလာမွေးနေ့ပါတီက စိုစိုပြည်ပြည်။

ဒီဆိုင်က ကြာဇံ၊ ခေါက်ဆွဲ၊ ထမင်း၊ အရွက်ကြော်လိုက်ပွဲထည့်ပေးထားတဲ့အပြင် စားပြီးအချိုတည်းဖို့ အခြားမုန့်များနဲ့ သစ်သီးစုံ၊ ရေခဲမုန့်၊ ဖျော်ရည်အစုံပါသည်။ စားသောက်ဆိုင်ကောင်းမို့ ဈေးကလည်း ပြောစရာမလိုပေ။

တရုတ်စားသောက်ဆိုင်ဖြစ်ကာ နာမည်ကအစ တရုတ်လို ‘ရှောင်လီ’ဟု ပေးထားတာဖြစ်သည်။
အပြင်မှာ လွတ်လွတ်လပ်လပ်၊ကျယ်ကျယ်ဝန်းဝန်းစား၍ရပေမယ့် သူမတို့က သီးသန့်ခန်းယူထားသည်မို့ အေးအေးဆေးဆေး ကိုယ့်အုပ်စုနဲ့ကိုယ်ဖြစ်နေသည်။ အသံလုံခန်းမဟုတ်တော့ အပြင်ကစကားသံအချို့ကို အနဲအကျဉ်းတော့ ကြားရသည်။ သို့သော် ဆူညံနေတာမျိုးမဟုတ်။

သူတို့တရုတ်ရိုးရာ ရှေးခေတ်နန်းတွင်းအဆောက်အဦးပုံစံမျိုး လုပ်ထားတာဖြစ်ပြီး ခြံဝန်းကျယ်ထဲရှိအဆောင်ကြီးမှာ ၀ပုံသဏ္ဍာန် အဝိုင်းကျယ်ကြီးဖြစ်သည်။ ထိုအဆောင်ကို သီးသန့်ခန်းလေးတွေခွဲကာ ခေတ်လည်းနောက်မကျ၊ သူတို့ရှေးရိုးရာလည်းမပျက်အောင် တစ်ခန်းချင်းစီသေချာပြင်ပေးထားပြီး ပတ်ပတ်လည်ဆွယ်လေးထိုး၍ ဝရံတာသဖွယ် လျှောက်လမ်းငယ်လေးတွေနဲ့ လမ်းတစ်လျှောက်လည်း သစ်ခွပန်းအိုးလေးတွေနဲ့ အလှပန်းပင်ငယ်လေးတွေကို ထားပေးထား၏။

My Stalker (မင်းရဲ့အရိပ်ကလေး)Where stories live. Discover now