My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၂၀)တင်!!
ညအိပ်ယာဝင်ခါနီး ကုတင်ဘေးကခုံပေါ်တင်ထားသော ဖုန်းက မြည်လာတာကြောင့် ညှို့ ယူကြည့်လိုက်သည်။“မနက်ဖြန်အားလား?”
စာက မနက်ကပဲ ဇွတ်အဖြေတောင်းသွားတဲ့သူဆီက ဖြစ်သည်။ ညှို့ ဘာပြန်ဖြေရမလဲဆိုတာ စဉ်းစားမတတ်။
ညအိပ်ဝမ်းဆက်လေးနဲ့ ကုတင်ဘေး ဟိုလျှောက်၊ ဒီလျှောက် လုပ်နေရင်းမှ...“မအားဘူး၊ အမေတို့နဲ့ ဘုရားသွားစရာရှိတယ်...”
“ဘယ်ဘုရားလဲ?”
ညှို့ ဘယ်ဘုရားလို့ ဖြေလိုက်ရမလဲ။ တကယ်က မေမေတို့နဲ့ရက်ချိန်းယူမထားသလို ဒီရက်ပိုင်း အပြင်ထွက်ဖို့တောင် အစီအစဉ်မရှိ။
“မဟာမြတ်မုနိဘုရား....”
စိတ်ထဲရှိတဲ့နေရာတစ်ခုကို လွှတ်ခနဲရေရွတ်မိလိုက်သည်။ မဟုတ်လို့အားတယ်ဆိုရင် သူက တွေ့ဖို့ချိန်းချင်ချိန်းနေမှာ။ ခုတောင် ငယ်ငယ်ကကိစ္စကိုအကြောင်းပြပြီး ညှို့ကို သူနဲ့တွဲခိုင်းတာပဲကြည့်။
ပြောတော့ အလုပ်ကိစ္စနဲ့မန္တလေးကိုလာတာဆိုပြီး အခု အတော်အားနေတဲ့ပုံပဲ။“ဘယ်အချိန်လောက်လဲ?”
ညှို့ တစ်ချက်တွေသွားသည်။ ထို့နောက် ငုံ့၍ ဖုန်းကိုတတောက်တောက်စာရိုက်လိုက်သည်။
“ဘာလုပ်မလို့လဲ?”
“ကိုယ် သွားစောင့်မလို့လဲ? မနက်ခင်းလား?”
ညှို့ မျက်လုံးလေးပြူးကာ သူ့ပို့လိုက်တဲ့စာကို စူးစိုက်ကြည့်နေမိသည်။ ထို့နောက် အမြန်စာပြန်ရိုက်ရင်း send ကိုနှိပ်လိုက်သည်။
“ဟာ... ဘာလုပ်ဖို့လာစောင့်မှာလဲ? မေမေတို့လည်း ပါနေတဲ့ဟာ...”
စာပြန်မလာပါ။ တစ်ဖက်က အတန်ကြာတိတ်ဆိတ်သွားသည်။ ညှို့ သူပို့မယ့်စာကို မျှော်လင့်တကြီးစောင့်နေစဉ်မှာပင် တစ်ဖက်က စာပြန်ပို့လာခဲ့သည်။
“ကိုယ် vedio call ခေါ်လိုက်မယ်...”
အိမ်မှာ wifiတပ်ထားသည်ကြောင့် ညှို့ကအမြဲ လိုင်းပေါ်ရှိနေတာပင်။ ညှို့ ထိုစာတွေ့အပြီး တုန်လှုပ်ကာ လူက ဟိုယောင်ယောင်၊ ဒီယောင်ယောင်ဖြစ်နေပြီးမှ မှန်ရှေ့အပြေးသွားရပ်မိသည်။ ဘာလို့မှန်ရှေ့လာမိမှန်းလည်းမသိ။ ဖရိုဖရဲဖြစ်နေတဲ့ကိုယ့်ပုံစံကို အမြန်ပြင်ဆင်ကာ ကြည့်လို့အဆင်ပြေပြီထင်လောက်မှ ဟင်းချနိုင်သည်။
![](https://img.wattpad.com/cover/372012731-288-k647639.jpg)
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romantizmခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...