My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၁၉)ညှို့ အခု မန္တလေးရောက်နေသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။ ဇာတ်ကားကြီးရိုက်ပြီး၍ အနားယူဖို့ ခွင့်တစ်လရထားသဖြင့် မိသားစုဆီ အလည်ပြန်ခြင်းလည်းမြည်၏။ အဖွားက ညှို့ကိုသိပ်ချစ်ရှာသည်။ ခဏခဏခေါ်နေတာကြောင့် ညှို့ပြန်ပေးရသည်။
"မြေးလေး၊ ဒီနေ့ဘယ်သွားချင်လဲ? ဖွား သမီီးဒေါ်လေးတွကို လိုက်ပို့ခိုင်းပေးမယ်..."
မနေ့က ညှို့ရောက်ရောက်ချင်း ခရီးပမ်းမည်စိုးသည်ကြောင့် ဖွားကမလည်ခိုင်း။ အိမ်မှာပဲ အနားယူခိုင်းထားသည်။
"ရတယ်ဖွား။ ညှို့မလည်သေးဘူး.... နက်ဖြန်မှပဲ..."
ဒီရက်တွေအတွင်း ညှို့ဖွားအနားကပ်ပေးရသည်။ မရောက်တာကြာပြီမို့ ဖွားကညှို့လာတော့ အရမ်းပျော်နေ၏။ ညှို့ကြိုက်တာတွေချက်ခိုင်းသည်။ မနက်စာ၊ နေ့လည်စာ၊ ညစာ တစ်အိမ်လုံးက လိုက်စားပေးရသည်။ မိသားစုမို့ အားနာတာမျိုးတော့မဖြစ်မိ။ ညှို့ကအိမ်မှာအဖွားအချစ်ဆုံးဖြစ်တဲ့အပြင် အဒေါ်တွေကလည်း အိမ်ထောင်မရှိ၊ ကလေးမရှိတဲ့အပျိုကြီးတွေမို့ အမျိုးတွေကြား အားလုံးရဲ့အချစ်ခံ။
အလိုလိုက်ခံ၊ ဂရုစိုက်ခံလေးလည်းဖြစ်သည်။ ညှို့ကတစ်ခါတစ်လေမှလာတတ်တာမို့ ညှို့လာရင်ကို ပျော်နေတတ်ကြသည်။ ဖေဖေနဲ့မေမေကတော့ အပျော်ဆုံး။"အမလေး! ရပါပြီမြေးရယ်... ငါ့မြေးက မင်းသမီးကြီး... ငါ့မြေးရဲ့လက်ကလေးတွေ နုနုရွရွနဲ့ နာနေပါ့မယ်..."
တစ်ခါတစ်လေလာပေမယ့် ရောက်တိုင်း ညှို့က ခြေဆုပ်လက်နယ်ပြုစုပေးတတ်သည်။ ခုလည်း ဖွားကတားပေမယ့် ညှို့ကနှိပ်နယ်ပေးနေမိသည်။ ဖွားက သူ့ဝေယျာဝစ္စကို သူ့သားသမီးတွေ၊ အိမ်ကခိုင်းဖို့ခေါ်ထားတဲ့ကောင်မလေးတွေကိုသာ ခိုင်းချင်ခိုင်းမည်။ ညှို့ကိုလုံးဝလုပ်ပေးမခံ။ ညှို့က အတင်းလုပ်ပေးမှသာ...။
ဒေါက်! ဒေါက်!..
တံခါးခေါက်သံနဲ့အတူ မေမေက ဝင်လာ၏။
"မေမေထင်လို့ လာလိုက်တာ... သမီးအခန်းရောက်ခဲ့သေးတယ်၊ မရှိလို့..."
![](https://img.wattpad.com/cover/372012731-288-k647639.jpg)
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romantikခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...