Part-1

2.2K 45 2
                                    

Zun' Lovely Girlfriend
          (Or)
~စျာန်၏အက္ခရာ~

အပိုင်း(၁)

ဆောင်း၏အသွေ့အသက်ကြောင့် မှောက်မိုက်နေသောလမ်းများသည်နှင်းမြူများကြောင့် လမ်းကိုတောင်မမြင်ရလောက်အောင် ကာဆီးပိတ်ပင်ထားကြသည်။

တောင်ကုန်း၊တောင်တက်လမ်းများတွင်မီးအလင်းရောင်တစ်စို့တစ်စိမှမရှိပဲ၊ ကားမီးရောင်အနည်းငယ်နဲ့သာဂရုတစိုက်မောင်းနှင်လာရကာ...

''ကျစ်! ဒီနေ့ကျမှမြူတွေကပိုပြီးတော့တောင်ထူထပ်နေတယ်ကွာ..''

ကားမောင်းသမား၏ညည်းညူးသံ။

''မင်းပါးစပ်ကိုပိတ်ပြီးရှေ့ကိုသာသေချာကြည့်မောင်း၊ နေမထွက်ခင်အရောက်ပို့ရမယ်''

အနားမှလိုက်ပါစီးလာသူ၏အသံ။
မိနစ်အနည်းငယ်လောက်တောင်တက်၊တောင်ဆင်းလမ်းများကိုကျွမ်းကျင်စွာမောင်းပြီး မြေ​ပြန့်သို့ရောက်လာခဲ့သည်။

မကြာမှီ သူတို့၏ကုန်တင်ကားကြီးသည် လမ်းမကြီးသို့တက်မောင်းလာခဲ့ပြီး၊ လမ်းခုလပ်တစ်နေရာတွင် ရဲဝတ်စုံများကိုအပြည့်အစုံဝတ်ထားပြီးကျည်ကာများကိုဘာဝတ်ဆင်ထားသည့်ရဲများကိုတွေ့လိုက်ရသည်။အနည်းဆုံး၁၀လောက်တော့ရှိမည်။

''ဟေးလူ အရှေ့မှာရဲတွေရှိနေတယ်၊ ခင်ဗျားပြောတော့ရှင်းထားပြီးပြီဆို''

''ဟာ ဘယ်ကရဲတွေကရောက်လာတာလဲ ကျစ်! မောင်းကွာ ငါ့ကြည့်ရှင်းမယ်''

ဘေးမှာလိုက်ပါစီးလာသူကစိတ်မရှည်ဟန်ဖြင့် ညည်းညူးသည်။

''ဟေး ရပ်စမ်း ရပ်!''

သေနတ်ကိုင်ထားသည့်ရဲသားတစ်ဦးမှကားရှေ့တွင်လာရောက်တားဆီးခြင်းဖြစ်သည်။

ထို့နောက်ကားနားသို့လျှောက်လာတာကြောင့် ကားမှန်ကိုချပေးလိုက်ပြီး

''ဆရာကြီးတို့ ဘာရှာနေတာလဲ''

''ဆင်း မင်းတို့နှစ်ယောက်လုံးဆင်းခဲ့၊ ဟိတ် ကားအနောက်ကိုဖွင့်ပြီးရှာကြ''

''ဟာ ဘာမှမရှိပါဘူး၊ကုန်ခြောက်တွေပဲရှိတာ ဟာ ဟေ့လူတွေ! ခင်ဗျားတို့ကဘာတွေလဲ''

𝐙𝐀𝐍'𝐬 𝐋𝐨𝐯𝐞𝐥𝐲 𝐆𝐢𝐫𝐥𝐟𝐫𝐢𝐞𝐧𝐝 {𝑴𝒂𝒇𝒊𝒂 𝑻𝒚𝒑𝒆}Where stories live. Discover now