Zun' Lovely Girlfriend
(Or)
~စျာန်၏အက္ခရာ~အပိုင်း(၃)
အခန်းထဲကလိုက်ကာများမှတဆင့်အလင်းရောင်ကိုခံစားမိသည်။
နေခြည်နုနုလေးက ပြတင်းပေါက်ရှိမှန်များကနေ ရာ၏မျက်နှာပေါ်သို့ထိုးကျနေသည်။ရာအိပ်ချင်မူးတူးနှင့် ဟိုဘက်၊ဒီဘက်ပြောင်းပြီးလှည့်အိပ်နေပြန်သည်။ ပြီးမှမျက်လုံးအစုံကဖြည်းဖြည်းချင်းပွင့်လာပြီး...
ဟင် မိုးလင်းသွားပြီးလား..။
မျက်နှာထက်ကျနေတဲ့အလင်းတန်းကြောင့် ရာကောက်ထိုင်လိုက်မိသည်။ နံရံတွင်ကပ်ထားသောနာရီသို့အကြည့်ရောက်သွားတော့
မနက်၈နာရီကျော်နေပြီဖြစ်သည်။
ရာအိပ်ယာပေါ်ကနေ လျင်မြန်စွာဆင်းပြီးရေချိုးခန်းသို့ဝင်ကာ မျက်နှာသစ်၊သွားတိုက်ပြီးရေဘာတစ်ခါတည်းချိုးလိုက်၏။ရေချိုးပြီး ပေါ့ပေါ့ပါးပါးအဝါနုရောင်ဂါဝန်ရှည်တစ်ထည်ကိုထုတ်ကာဝတ်လိုက်ပြီး ကျောလယ်သာသာရှိသည့်ဆံပင်များကို အနောက်ဘက်သို့သိမ်းလျက် အလှခေါင်းစီကြိုးဖြင့်ခပ်မြင့်မြင့်လေးစီးထားလိုက်သည်။ ပြီးမှအခန်းထဲကနေ ထွက်လာပြီး ဟိုဟိုဒီဒီလိုက်ကြည့်နေမိသည်။
ဒီအိမ်ကိုအခုမှရောက်ဖူးတာကြောင့် ရာ့အတွက်အရာအားလုံးကထူးဆန်းနေသည်။ အိမ်ကြီးမှာရှေးဟောင်းအိမ်လိုမျိုးဖြစ်ပြီး သေချာပြုပြင်မွန်းမံထားပုံပေါ်သည်။ အိမ်ကြီးမှာကြီးကျယ်သည့်နှင့်အမျှ အခန်းတွင်းဖွဲ့စည်းပုံနှင့် ပရိဘောဂတွေကအစအားလုံးကခေတ်မှီပြီးအရည်အသွေးကောင်းသည့်ပစ္စည်းများကိုသာအသုံးပြုထားကြသည်။
ရာ့လည်းစင်္ကြန့်လမ်းအတိုင်းလျှောက်လာပြီး အဆုံးတွင်ဧည့်ခန်းကျယ်တစ်ခုရှိသည်။ ထိုဧည့်ခန်း၏ဆိုဖာထက်တွင် ဦးစျာန်ကTvကြည့်ပြီးအနားယူနေဟန်ရှိ၏။ ရာလည်းအနားသို့လျှောက်လာပြီး ဦးစျာန်ကသတိထားမိဟန်ဖြင့်အနောက်သို့လှည့်ကြည့်လာသည်။
ပုဆိုးအညိုရောင်ကွက်စိပ်နှင့်အပေါ်ကတီရှပ်ကော်လံအဖြူရောင်ကိုဝတ်ဆင်ထားသည့် ဦးမှာဒီနေ့ကျမှပိုပြီးထူးခြားနေသည်။
ပုံမှန်အိမ်မှာနေရင်တောင် ပုဆိုးကိုဝတ်လေ့မရှိသည့်ဦးက၊ အခုပုဆိုးကိုသပ်ရပ်စွာဝတ်ဆင်ထားပြီးဧည့်ခန်းအလယ်တွင်ခန့်ခန့်ကြီးထိုင်နေတဲ့ဦးကို ရာမျက်တောင်မခတ်တမ်းငေးကြည့်နေမိသည်။
YOU ARE READING
𝐙𝐀𝐍'𝐬 𝐋𝐨𝐯𝐞𝐥𝐲 𝐆𝐢𝐫𝐥𝐟𝐫𝐢𝐞𝐧𝐝 {𝑴𝒂𝒇𝒊𝒂 𝑻𝒚𝒑𝒆}
Actionmafiaတစ်ယောက်မှာအချစ်မရှိသင့်ဘူး၊ ရှင်ချစ်မိလိုက်တာနဲ့အဲ့အချစ်ကရှင့်ကို ပျော့ညံ့စေလိမ့်မယ်၊ အားနည်းစေလိမ့်မယ် အဲ့အချစ်ကြောင့်ပဲရှင်ကျဆုံးရလိမ့်မယ်...ဒါကြောင့်ကျွန်မကိုမချစ်စမ်းပါနဲ့ ဦးစျာန်.... ~အက္ခရာ~ mafiaတစ်ယောက်မှာအချစ်မရှိသင့်ဘူးဆိုတာကို ကိုယ...