Zun' Lovely Girlfriend
(Or)
~စျာန်၏အက္ခရာ~(အပိုင်း၁၀)
''boss နိုင်းရောက်ပါပြီ''
စကားသံနှင့်အတူ အခန်းထဲသို့နိုင်းတမာန်ဝင်ရောက်လာသည်။ အသက်21နှစ်နှင့်မလိုက်အောင် အရပ်ရှည်ပြီးချောမောမှုအပေါင်းသရဖူဆောင်းထားသူသည်၊ ဖေဖေခေါ်လာတဲ့အချိန်တွင် ဒီကောင်လေးသည်အသက်၁၃နှစ်မျှသာရှိသေးသည့်ချာတိတ်ကလေးဖြစ်ပြီး အခုဆိုထိုချာတိတ်ကလေးက သူနှင့်တန်းတူယှဥ်လျှောက်နိုင်တဲ့အရည်အချင်းတွေရှိနေ၏။
''နိုင်း လာထိုင်''
''အင်း ခရီးထွက်ရမယ်ဆိုလို့ ရှမ်းပြည်ဘက်လား''
''ဟုတ်တယ်၊ အဲ့ဘက်ကနေတင်သွင်းမဲ့ပစ္စည်းတွေကိုသေချာသွားစစ်ရမယ် ပြီတော့ခွန်ရှားဆီဝင်ခဲ့သူ့မှာတရုတ်ဘက်ကဝင်ထားတဲ့ဆေးကောင်းတွေရှိတယ်လို့ပြောတယ် ငါဒီဘက်ကနေဖုန်းဆက်ပြီးပြောထားပေးမယ်''
''အင်း ဒါပဲမလား''
''နောက် မင်းရည်းစားရနေပြီဆို''
စျာန်ရဲ့အမေးကြောင့် နိုင်း၏အကြည့်များက တစ်ဖက်ဝိုင်းတွင်ထိုင်နေသော တူညီထံသို့ရောက်သွား၏။
တူညီကလည်း သူဘာမှမပြောထားတဲ့အတိုင်း မှုန်သေသေပြန်ကြည့်၏။
"အင်း..''
"မင်းအလုပ်ကိုရောသိထားသေးလား''
"မသိသေးဘူး၊ နောက်မှပြောပြမယ်လို့စဥ်းထားတယ်''
"အင်း မင်းတို့အဆင်ပြေရင်ပြီးတာပါပဲ''
"နောက်အက္ခရာဆိုတဲ့ကလေးမလေးရော တိုင်းဧကမှာပဲလား''
"အင်း အဲ့မှာပဲ၊ ဒီကကိစ္စတွေဖျက်ပြီးတာနဲ့သွားပြန်ခေါ်မယ်''
"ခေါ်ရင်လည်းမြန်မြန်သာခေါ်လိုက် အဲ့ဘက်ကကောင်တွေကတစ်ယောက်မှယုံရတာမဟုတ်ဘူး''
စျာန်မျက်ခုံးများပင့်သက်သွားပြီး နိုင်းကိုသေချာစူးစိုက်ကြည့်နေ၏။ သူအကြည့်များသည် ငြိမ်သက်နေသောရေသေအိုင်တစ်ခုကဲ့သို့အေးစက်တည်ငြိမ်နေ၏။
"အဲ့တာဘာကိုဆိုလိုတာလဲ ဘယ်သူကမယုံရတာလဲ၊ အဲ့ကလူတွေအကုန်ငါ့လူတွေကြီးပဲ''
YOU ARE READING
𝐙𝐀𝐍'𝐬 𝐋𝐨𝐯𝐞𝐥𝐲 𝐆𝐢𝐫𝐥𝐟𝐫𝐢𝐞𝐧𝐝 {𝑴𝒂𝒇𝒊𝒂 𝑻𝒚𝒑𝒆}
Actionmafiaတစ်ယောက်မှာအချစ်မရှိသင့်ဘူး၊ ရှင်ချစ်မိလိုက်တာနဲ့အဲ့အချစ်ကရှင့်ကို ပျော့ညံ့စေလိမ့်မယ်၊ အားနည်းစေလိမ့်မယ် အဲ့အချစ်ကြောင့်ပဲရှင်ကျဆုံးရလိမ့်မယ်...ဒါကြောင့်ကျွန်မကိုမချစ်စမ်းပါနဲ့ ဦးစျာန်.... ~အက္ခရာ~ mafiaတစ်ယောက်မှာအချစ်မရှိသင့်ဘူးဆိုတာကို ကိုယ...