Part-5

1.1K 29 4
                                    

Zun' Lovely Girlfriend
(Or)
~စျာန်၏အက္ခရာ~

(အပိုင်း၅)

''boss ဘာဖြစ်သွားသေးလဲ''

စျာန်ခေါင်းကိုအသာခါပြပြီးး

''မင်းရောဘာဖြစ်သွားသေးလဲ''

''ကျွန်တော်အဆင်ပြေတယ် boss သွားရအောင်''

စျာန်တို့ကားနားသို့ပြန်လျှောက်လာခဲ့ပြီး နောက်ဘက်တွင်ပေါင်မှသေနတ်မှန်ထားသူသည်အနီးရှိသေနတ်တစ်လက်ကိုဆွဲယူ၍မတ်တပ်ထရပ်လိုက်၏။
သူ၏ပစ်မှတ်ကစျာန်ဆီသို့....

ဒိုင်း ဒိုင်း!

ကျယ်လောင်စွာထွက်ပေါ်လာသောသေနတ်သံအဆုံးတွင် အရာအားလုံးသည်တိတ်ဆိတ်သွားလျက်....။

သေနတ်ကိုင်ကာ စျာန်ကိုပစ်ဖို့ချိန်နေရင်းအနောက်မှရောက်လာတဲ့
yamaha yzf-R6 ကိုလက်တစ်ဖက်ဖြင့်မောင်းပြီး ကျန်လက်တစ်ဖက်ကသေနတ်ကိုဟန်ပါပါကိုင်ထားကာ စျာန့်ကိုပစ်ဖို့ချိန်နေတဲ့ထိုလူ့ဆီသို့သေနတ်ကိုဦးတည်ပြီးချိန်လိုက်သည် ထို့နောက်....

ဒိုင်း ဒိုင်း!!!

ကျယ်လောင်စွာထွက်ပေါ်လာတဲ့သေနတ်သံတစ်အဆုံးတွင် ထိုလူသည်​မြေပြင်ပေါ်သို့လဲကျသွားလေသည်။ သေနတ်သံကြောင့်အနောက်သို့လှည့်ကြည့်လိုက်တော့ (big bike)ကိုခက်မိုက်မိုက်​လေးစီးပြီး သူတို့ဆီသို့ဦးတည်နေတဲ့ဆိုင်ကယ်တစ်စီး၊ နောက်ပြီး နဖူးမှသွေးသံတရဲရဲဖြင့် လက်တွင်သေနတ်ကိုင်ကာလဲကျသေဆုံးနေသူတစ်ဦး။

ဆိုင်ကယ်ကိုသူတို့အနားတွင်ရပ်လိုက်ပြီး helmetကိုစတိုင်ကျကျချွတ်လိုက်သည်။ ရူတ်ပွနေသောဆံပင်တိုတွေကို လက်ဖြင့်အသာခါထုတ်လိုက်​ပြီး...

''အနောက်လေးဘာလေးပြန်ကြည့်အုံးမှပေါ့ဗျာ ဘယ်နှယ့်မဆင်မခြင်နေရတာတုန်း၊ ကျွန်တော်သာ​ရောက်မလာရင်အစ်ကိုဒီချိန်အရေးပေါ်ကားနောက်ပါသွားပြီဗျ သိရဲ့လား''

နိုင်း၏အသံကမာဆတ်ဆတ်ဖြစ်နေပြီး မကျေနပ်တွေကအပြည့်။
စျာန်အနည်းငယ်ပြုံးလိုက်မိသည်။ နိုင်းတမာန် စျာန်ရဲ့အဖေဦးတိုင်းမြတ်သူ၏ မွေးစားသား။ တိုင်းဧကကိုသစ္စာခံထားပေမဲ့ တိုင်းဧကနဲ့ပတ်သက်မှုမှန်သမျှကိုရှောင်သူလည်းဖြစ်သည်။ ဦးတိုင်းမြတ်သူရှိစဥ်ကပဲ 'တိုင်းဧက'သို့အဝင်အထွက်လုပ်ပြီး ဦးတိုင်းမြတ်သူဆုံးပါးသွားချိန်တွင် တိုင်းဧကသို့ခြေဦးတောင်မလှည့်ခဲ့။

𝐙𝐀𝐍'𝐬 𝐋𝐨𝐯𝐞𝐥𝐲 𝐆𝐢𝐫𝐥𝐟𝐫𝐢𝐞𝐧𝐝 {𝑴𝒂𝒇𝒊𝒂 𝑻𝒚𝒑𝒆}Where stories live. Discover now