Zun' Lovely Girlfriend
(Or)
~စျာန်၏အက္ခရာ~အပိုင်း(၂)
''ကြီးမြိုင်''
''ဟေ''
ကြီးမြိုင်မနက်စာပြင်နေတုန်းအနောက်က လှမ်းခေါ်တဲ့စျာန်ကြောင့် အနည်းငယ်လန့်သွားမိသည်။
''အက္ခရာ ရော၊ ကျွန်တော်သူ့ကိုရှာနေတာခုထိမတွေ့သေးဘူး''
အဲ့တာတော့အမှန်ပဲ စျာန်သူမလေးကိုလိုက်ရှာနေတာ အိမ်၃ထပ်လုံးအနှံ့ပဲ၊ ဒါပေမဲ့ခုထိရှာလို့မတွေ့သေး။
''အော် ရာလား၊ အနောက်ဘက်ကခြံထောင့်မှာလေ ပန်းပင်တွေရေလောင်းနေတာ''
''အင်းအင်း ကျွန်တော်သွားအုံးမယ်''
ဆိုပြီးကြီးမြိုင်ကိုနှုတ်ဆက်ကာ စျာန်ခြေလှမ်းကျယ်ကြီးများဖြင့်အနောက်ဘက်သို့လျှောက်လာခဲ့သည်။
နိုင်ငံခြားမျိုးစိတ်ဖြစ်တဲ့သစ်ခွပန်းရောင်စုံများကို ဂရုတစိုက်ရေပေးနေပြီး အောက်မှာပန်းအိုးများဖြင့်စိုက်ထားတဲ့ နှင်းဆီအဖြူရောင်များကိုလည်းရေပေးကာ သီချင်းလေးတညည်းညည်းဖြင့်စိတ်ရွှင်လို့နေလေသည်။
ထိုအချိန် အနောက်ကနေရောက်လာတဲ့အရိပ်ကြောင့် ရာအနောက်ကိုလှည့်ကြည့်လိုက်တော့...
''ဟင်...ဦးစျာန်''
''ကျစ် လာခဲ့''
ပြောပြီး လက်တစ်ဖက်ကိုဆောင့်ဆွဲလိုက်တာကြောင့် ကျန်လက်တစ်ဖက်မှကိုင်ထားသော ရေခွက်မှာအောက်သို့ပြုတ်ကျသွားလေသည်။
ခြေလှမ်းကျယ်ကြီးများဖြင့်အမြန်လျှောက်သွားနေသော ဦးရဲ့ခြေလှမ်းများကို ရာခလုတ်တိုက်မတတ်အမှီလိုက်ရသည်။
လက်ကောက်ဝတ်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားတာကြောင့် လက်ကနာကျင်လာ၏။''ဦးစျာန်...ရာလက်နာနေပြီ''
သို့ပေမဲ့ စျာန်ကသူမပြောတာကိုမကြားသည့်အလား။
စျာန်သူ့ရဲ့အိပ်ခန်းထဲသို့ သူမလေးကိုဆွဲခေါ်လာခဲ့ပြီး...
ရာ၏ကိုယ်လုံးလေးကိုနံရံနဲ့ကပ်ကာ..ရီဝေစွာကြည့်လာ၏။နောက်'ရာ'ဘယ်လိုမှမထင်ထားတဲ့အနမ်းများကျရောက်လာတာကြောင့် မျက်လုံးများပြူးကာ၊ တောင့်တောင့်ကြီးရပ်နေမိသည်။
YOU ARE READING
𝐙𝐀𝐍'𝐬 𝐋𝐨𝐯𝐞𝐥𝐲 𝐆𝐢𝐫𝐥𝐟𝐫𝐢𝐞𝐧𝐝 {𝑴𝒂𝒇𝒊𝒂 𝑻𝒚𝒑𝒆}
Actionmafiaတစ်ယောက်မှာအချစ်မရှိသင့်ဘူး၊ ရှင်ချစ်မိလိုက်တာနဲ့အဲ့အချစ်ကရှင့်ကို ပျော့ညံ့စေလိမ့်မယ်၊ အားနည်းစေလိမ့်မယ် အဲ့အချစ်ကြောင့်ပဲရှင်ကျဆုံးရလိမ့်မယ်...ဒါကြောင့်ကျွန်မကိုမချစ်စမ်းပါနဲ့ ဦးစျာန်.... ~အက္ခရာ~ mafiaတစ်ယောက်မှာအချစ်မရှိသင့်ဘူးဆိုတာကို ကိုယ...