Part-8

637 17 6
                                    

Zun' Lovely Girlfriend
(Or)
~စျာန်၏အက္ခရာ~

(အပိုင်း၈)

''ဟင်! နိုင်း...''

အခန်းရှေ့မှမထင်မှတ်ပဲရောက်လာသူကြောင့် သျှားမျက်လုံးအစုံပြူးကျယ်သွားရပြီး တံခါးဝမှာတောင့်တောင့်ကြီးရပ်နေမိသည်။

''တူတူပုန်းတမ်းကစားရတာသိပ်ကြိုက်နေသလား...''

''ဟင်..''

သူကဘာမှဆက်မပြောတော့ပဲ အပေါက်ဝမှာရှိနေတဲ့သျှားကို​​ကျော်ကာ အခန်းအတွင်းသို့ဝင်ရောက်ခဲ့သည်။ သျှားကသာငုတ်တုတ်မေ့​နေတဲ့သူလို အပေါက်ဝမှာတောင့်တောင့်ကြီးရပ်နေမိပြီး သူ့လှုပ်ရှားမှုတိုင်းကိုလိုက်ကြည့်နေမိ၏။

နောက်မှသတိရကာ တံခါးကိုပြန်ပိတ်ပြီး သူနှင့်မနီးမဝေး၌ရပ်နေလိုက်သည်။ သူကမှန်အပြည့်တပ်ထားတဲဲ့ပြတင်းတံခါးများမှတစ်ဆင့် အပြင်သို့ငေးကြည့်နေပြီး ဘာစကားမှမဆို...။ သူရဲ့ကျောပြင်ကျယ်ကြီးကိုသာကြည့်​နေရပြီး သျှားမှာသာအလိုလိုနေရင်းချွေးပြန်လာသလို မျက်နှာကပူလာ၏။

''alex lorien(အဲလက်စ် လိုရီယန်)...''

''ဟင်...''

ရုတ်တရက်သျှား၏အင်္ဂလိပ်နာမည်ကိုခေါ်လိုက်သူကြောင့် လူကပို၌လှုပ်ရှားလာ၏။

''ဟုတ်တယ်မလား alex lorien၊ အဲ့တာခင်ဗျားနာမည်မလား''

''မင်းဘယ်လိုလုပ်..''

''အဟက်..ကျွန်တော်၂ရက်လောက်မအားလို့ပစ်ထားလိုက်တာနဲ့ပဲ ခင်ဗျားနဲ့မပတ်ချင်လို့ရှောင်နေတယ်လို့ထင်နေတာတော့မဟုတ်ဘူးမလား''

သူကကျောခိုင်းထားသည်မှသျှားဘက်လှည့်၍ သျှား၏မျက်လုံးများကိုတည့်တည့်စိုက်ကြည့်ကာ ဆို၏။ သူ၏စူးရှသောအကြည့်စူးစူးတို့၏အော​က်တွင် သျှားပို၍ပင်နေရခက်လာသည်။

နိုင်းအရှေ့မှာရှိနေတဲ့လူကိုကြည့်ပြီး အသည်းယားလာ၏။ သူ့နာမည်ကိုသိနေတာနဲ့တင် ဖြစ်ပျက်သွားတာကချစ်စရာ...စိတ်ရှိလက်ရှိသာကိုင်ပေါက်ပစ်လိုက်ချင်မိသည်။

''ဟို..ဒီကိုဘယ်လိုသိပြီး''

''လွယ်ပါတယ် ကျွန်တော်အတွက်ကလူတစ်ယောက်အကြောင်းစုံစမ်းဖို့အပမ်းတစ်ကြီး ကြိုးစားနေစရာမှမလိုပဲ''

𝐙𝐀𝐍'𝐬 𝐋𝐨𝐯𝐞𝐥𝐲 𝐆𝐢𝐫𝐥𝐟𝐫𝐢𝐞𝐧𝐝 {𝑴𝒂𝒇𝒊𝒂 𝑻𝒚𝒑𝒆}Where stories live. Discover now