Zun' Lovely Girlfriend
(Or)
~စျာန်၏အက္ခရာ~(အပိုင်း၇)
မနက်ဝေလီဝေလင်းအချိန် နေတောင်မထွက်သေးပေမဲ့ ရာတစ်ယောက်နိုးနေလေပြီ။ မနက်၄နာရီခွဲလောက်ကတည်းကထနေရပြီး ထမင်းအိုးတည်၊ ဟင်းချက်နှင့်ပင်လပန်းလုံးနေရသည်။ အိမ်ကကြီးသည့်တိုင်အလုပ်သမားများလည်းရှိကြသည်။ သို့သော်ဒေါ်မာယာက သူ့မတစ်ယောက်ထဲသာရည်ရွယ်ချက်ရှိရှိနဲ့ခိုင်းနေခြင်းကြောင့် သူ့မှာပိုပြီးပင်ပန်းရ၏။
ထမင်းဟင်းများဝိုင်းကူချက်ပေးတဲ့လူများရှိပြီး ရာကခြံထဲသို့ဆင်းလာခဲ့သည်။ သစ်ပင်များပန်းပင်များစုံလှသည့်မို့မနက်စောစော၌ပင်အရွက်ကြွေများစွာရှိနေကာ အုန်းလက်တံမြက်စည်းကိုယူ၍ခြံအတွင်းတံမြက်စည်းလှည်းနေလိုက်သည်။ လှည်းနေရင်းနဲ့ပင်အနီးအနားပတ်ဝန်းကျင်သို့စူးစမ်းလိုက်မိသည်။
အိမ်ခြေဆို၍မရှိသလောက်ရှားပြီး တစ်သီးတစ်သန့်ဖြစ်တည်နေသလိုမျိုး၊ ဦးစျာန်နှင့်အတူသွားတုန်းကတော့ အိမ်ခြေအနည်းငယ်ကိုတွေ့ရခဲ့ပေမဲ့ ဒီဘက်ခြမ်းမှာအိမ်ခြေဟူ၍မရှိ...တောတောင်အထပ်ထပ်များ၏အလယ်တွင်...ကုန်းမြင့်များ၏အပေါ်တွင်...ခမ်းနားစွာတည်ရှိနေသောဒီအိမ်သည် မည်မျှကြီးကျယ်မှန်းရာမသိ...။
ဘယ်ချိန်မှပြန်လာခေါ်မယ်မှန်းရေရေရာရာမသိပေမဲ့ စောင့်နေမိခဲ့ပြီး
'ပြန်လာခေါ်ပါ့မယ်'လို့ကတိလည်းမပေးထားခဲ့ပဲနဲ့ မျှော်နေမိခဲ့သည်။ ထားသွားနိုင်ရက်သူကိုလည်းအပြစ်မတင်...ရာက.. ရာကသာတစ်ဖက်တည်းမျှော်လင့်နေခဲ့မိသူမို့ထင်ပါရဲ့ဦးရယ်။အတွေးများနယ်ချဲ့နေမိပြီး ရာ့နာမည်ကိုကျယ်လောင်စွာအော်ခေါ်နေသောအသံကိုကြားလိုက်ရသည်။
''အက္ခရာ! အက္ခရာ!!''
အိမ်အပေါ်ထပ်မှမမကျော့ရဲ့ခေါ်သံဖြစ်သည်။ ရာအပေါ်ထပ်သို့ပြေးတက်သွားလိုက်သည်။
အခန်းထဲသို့ရောက်သည်နှင့် ရူတ်ပွနေသောအခန်းကိုအရင်ဦးစွာမြင်လိုက်ရပြီး၊ အဝတ်ဗီရိုထဲမှအင်္ကျီများသည်ကုတင်ပေါ်နှင့် ကြမ်းပြင်တွင်ရူတ်ပွစွာရှိနေ၏။ ရာကကြမ်းပြင်၌ဟိုတစ်စ၊ ဒီတစ်စဖြစ်နေသောအင်္ကျီများကိုကျော်ခွက မမကျော့အနီးသို့လျှောက်လာခဲ့သည်။
![](https://img.wattpad.com/cover/362347389-288-k377187.jpg)
YOU ARE READING
𝐙𝐀𝐍'𝐬 𝐋𝐨𝐯𝐞𝐥𝐲 𝐆𝐢𝐫𝐥𝐟𝐫𝐢𝐞𝐧𝐝 {𝑴𝒂𝒇𝒊𝒂 𝑻𝒚𝒑𝒆}
Actionmafiaတစ်ယောက်မှာအချစ်မရှိသင့်ဘူး၊ ရှင်ချစ်မိလိုက်တာနဲ့အဲ့အချစ်ကရှင့်ကို ပျော့ညံ့စေလိမ့်မယ်၊ အားနည်းစေလိမ့်မယ် အဲ့အချစ်ကြောင့်ပဲရှင်ကျဆုံးရလိမ့်မယ်...ဒါကြောင့်ကျွန်မကိုမချစ်စမ်းပါနဲ့ ဦးစျာန်.... ~အက္ခရာ~ mafiaတစ်ယောက်မှာအချစ်မရှိသင့်ဘူးဆိုတာကို ကိုယ...