Zun' Lovely Girlfriend
(Or)
~စျာန်၏အက္ခရာ~(အပိုင်း၁၂)
တိတ်ဆိတ်နေသောအခန်းအတွင်းတွင် ရာ့၏လက်ချောင်းလေးများသည်လှုပ်ရှားစပြုလာ၏။ မျက်ခွံလေးများတစ်ချက် တစ်ချက်လှုပ်ခပ်သွားပြီးနောက် ရာမျက်လုံးများကိုဖွင့်ကြည့်လိုက်မိသည်။
မျက်နှာကျက်ဖြူဖြူကိုသာမြင်ရပြီး အပေါ်ရှိမီးလုံးများသည် ရာ့အမြင်အာရုံအားထိုးဖောက်ဝင်ရောက်လာတာကြောင့် ရာ့မျက်လုံးများကိုမှိတ်ချလိုက်မိ၏။ အနီးရှိNurseတစ်ယောက်ကရာနိုးလာတာနဲ့ ဆရာဝန်ကြီးကိုပြေးခေါ်ရန်ထွက်သွားပြီး မကြာခင်အသက်၃၀ ကျော်ဆရာဝန်တစ်ယောက်နှင့်အတူပြန်ရောက်လာ၏။
ကျန်းမာရေးအခြေအနေအနေများစစ်ဆေးပြီးနောက် ဆရာဝန်ကnurseအားလိုအပ်သည်များကိုမှာကြား၍ပြန်လည်ထွက်ခွာသွား၏။
သည်တော့မှရာလည်းအေးအေးဆေးဆေးအနားယူနိုင်သည်။ မျက်လုံးများကိုမှိတ်လိုက်ပြီးဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာများကိုတစ်ခုချင်းပြန်လည်တွေးတောနေမိ၏။ အန်တီမာယာပြောသွားတာတွေက တစ်ကယ်ပဲလား၊ ရာက.. ရာကတစ်ကယ်ပဲ 'မင်းသက်အက္ခရာ'လား ပြီးတော့ဦးစျာန်ကရော ရာ့ကိုဘာလို့ ဒီအကြောင်းတွေကိုမပြောပြခဲ့တာလဲ....
ရာစဥ်းစားရင်းနှင့်ပင် ခေါင်းထဲမူးနှောက်လာရ၏။ ဦးစျာန်ကသာရာ့ကို အသုံးချဖို့ခေါ်လာတာဆိုရင် ရာ့ကိုလာကယ်တာကရော...ဦးစျာန်မကယ်ပဲဒီတိုင်းနေလို့ရရဲ့သားနဲ့ ဘာလို့လဲ...
သေချာပေါက် အဲ့တုန်းကဦးစျာန်ရဲ့အသံတွေကစိုးရိမ်မှုတွေနှင့်ပြည့်နှက်နေခဲ့တာ။ ဆုံးရူံးသွားမှာဆိုးသည့်အလား ရင်ခွင်ထဲသို့တင်းကျပ်စွာထွေးပိုက်ထားခဲ့တာ...
ပြန်လာမခေါ်မှာကိုစိုးရွံ့နေခဲ့တဲ့ ရာကဦးစျာန်ရဲ့အရိပ်ကလေးကိုမြင်တာနဲ့တင် အသက်ဆက်ရှင်ဖို့ခွန်အားတွေရခဲ့တာ ဦးစျာန်မှသိပါလေစ....။
အတွေးများစွာနှင့်အတူ အခန်းတံခါးဖွင့်သံကိုကြားလိုက်ရတာကြောင့် ရာမျက်လုံးများဖွင့်ရင်း ဝင်ပေါက်ဘက်သို့လှည့်ကြည့်မိသည်။

YOU ARE READING
𝐙𝐀𝐍'𝐬 𝐋𝐨𝐯𝐞𝐥𝐲 𝐆𝐢𝐫𝐥𝐟𝐫𝐢𝐞𝐧𝐝 {𝑴𝒂𝒇𝒊𝒂 𝑻𝒚𝒑𝒆}
Actionmafiaတစ်ယောက်မှာအချစ်မရှိသင့်ဘူး၊ ရှင်ချစ်မိလိုက်တာနဲ့အဲ့အချစ်ကရှင့်ကို ပျော့ညံ့စေလိမ့်မယ်၊ အားနည်းစေလိမ့်မယ် အဲ့အချစ်ကြောင့်ပဲရှင်ကျဆုံးရလိမ့်မယ်...ဒါကြောင့်ကျွန်မကိုမချစ်စမ်းပါနဲ့ ဦးစျာန်.... ~အက္ခရာ~ mafiaတစ်ယောက်မှာအချစ်မရှိသင့်ဘူးဆိုတာကို ကိုယ...