Part-4

1.2K 32 4
                                    

Zun' Lovely Girlfriend
(Or)
~စျာန်၏အက္ခရာ~

(အပိုင်း၄)

ဒေါက် ဒေါက် ဒေါက်!

အိပ်ခန်းကျယ်ကြီးထဲတွင် အိမ်ပြန်ဖို့အတွက်Luggageကိုထုတ်ပြီးပစ္စည်းတွေထုတ်သိမ်းနေချိန် အပြင်ကကြားလိုက်ရတဲ့တံခါးခေါက်သံကြောင့် စျာန်မျက်ခုံးတစ်ဖက်မြှင့်တက်သွားသည်။

''ဘယ်သူလဲ!''

''ရာပါ ဦးစျာန်၊ ဝင်ခဲ့လို့ရလား..''

ရာ့၏စကားသံအဆုံးတွင်အခန်းတံခါးကပွင့်လာ၏။
စျာန်ကတံခါးဖွင့်ပေးပြီး ရာဝင်လာတာနဲ့ပြန်ပိတ်လိုက်သည်။
ပြီးနောက် အိပ်ယာထက်တွင်ထိုင်ပြီး ရာ့ကိုစူးစိုက်ပြီးကြည့်နေ၏။

''ဘာကိစ္စလဲ''

''ရာလည်းပြန်လိုက်လို့မရဘူးလားဟင်..ရာတကယ်ဒီမှာမနေချင်ဘူး''

''မရဘူး ကိုယ်ဟိုကကိစ္စမပြီးမချင်းမင်းဒီမှာပဲနေရမယ်အက္ခရာ နားလည်လား''

''.......''

''ဟိတ် ကိုယ်ပြောနေတာမကြားဘူးလား''

''ကြားတယ်..''

''ဒါဆိုဘာလို့ပြန်မဖြေလဲ မင်းဒီမှာမနေချင်ဘူးဆိုပြီးထွက်ပြေးဖို့တော့မလုပ်ဘူးမလား''

''ဟင့်အင်း ရာအဲ့လိုမလုပ်ပါဘူးဦးစျာန် ပြီတော့ရာ့မှာအဲ့လိုလုပ်စရာအကြောင်းဘာမှမရှိပါဘူး''

ခေါင်းကိုခါ၊ လက်လေးကိုပါခါကာမလုပ်ကြောင်းငြင်းဆိုနေတဲ့သူမ​​လေးကိုစျာန်သေချာစိုက်ကြည့်နေမိ၏။
လုပ်စရာအကြောင်းမရှိဘူးတဲ့လား...။
တစ်နေ့ကျမင်းအဲ့လိုလုပ်ဖို့ကိစ္စတွေရှိလာရင်ရော မင်းကိုယ့်ရင်ကို​ခြေစုံကန်ပြီးထွက်ပြေးသွားမှာလား...။

ဟင့်အင်း မဖြစ်ရဘူး အက္ခရာ၊ မင်းကိုကိုယ့်ခေါ်လာတဲ့နေ့ကစပြီးကိုယ့်အပိုင်ဆိုပြီးသတ်မှတ်ထားခဲ့တာ၊ ကိုယ်ဆိုတဲ့ကောင်ကကိုယ့်အပိုင်ကိုလက်နဲ့မပြောနဲ့ မျက်လုံးနဲ့တောင်စွေပြီးကြည့်တာတောင်မကြိုက်ဘူးဆိုတာ မင်းသိလား....။

ဟူး~~~
စျာန်သက်ပြင်းမောတစ်ခုကိုချလိုက်မိသည်။
ရှေ့မှာရင်ဆိုင်ရမှာတွေကသူ့အတွက်တော့ကိစ္စမရှိပေမဲ့ အက္ခရာအတွက်ကျတော့ရော လွယ်ကူနေပါ့မလား။

𝐙𝐀𝐍'𝐬 𝐋𝐨𝐯𝐞𝐥𝐲 𝐆𝐢𝐫𝐥𝐟𝐫𝐢𝐞𝐧𝐝 {𝑴𝒂𝒇𝒊𝒂 𝑻𝒚𝒑𝒆}Where stories live. Discover now