Part-11

735 35 0
                                    

Zun' Lovely Girlfriend
(Or)
~စျာန်၏အက္ခရာ~

(အပိုင်း၁၁)

တိုင်းဧကတို့ရောက်သည်နှင့်တစ်ပြိုင်နက် စျာန်အိမ်ကြီးထဲသို့လျင်မြန်စွာဝင်လာခဲ့ပြီး အနောက်မှသူ့လူယုံ၆ယောက်ခန့်လည်းလိုက်ပါလာ​ကြသည်။

အက္ခရာကိုလိုက်ရှာသော်လည်းသူမတွေ့ အားလုံးကရုတ်တစ်ရက်သူပြန်လာတာကိုမြင်ပြီးထိတ်လန့်နေကြ၏။

"သူဘယ်မှာလဲ ငါ့မိန်းကလေးဘယ်မှာလဲ''

အနီးမှာရှိတဲ့ အိမ်စောင့်ကောင်လေးတစ်ယောက်ရဲ့အင်္ကျီကော်လံကိုတင်းကျပ်စွာဆုပ်ကိုင်ရင်း အနောက်မှာရှိတဲ့နံရံနဲ့တွန်းကပ်ပစ်လိုက်သည်။ ကောင်လေး၏အင်္ကျီကော်လံကိုကျော်ကာ စျာန်၏လက်များက လည်ပင်းသို့ရောက်ရှိသွားပြီး ထိုကောင်လေး၏ခြေထောက်တွေမှာလည်းကြမ်းပြင်နဲ့မထိကပ်တော့ပဲ လေထဲ၌လွှင့်သွားသယောင်။

"ပြော! သူအခုဘယ်မှာလဲ!!''

"အာ့..ဟို..ဟိုဘက်က မြေအောက်ခန်းမှာပါ..အဟွတ် အဟွတ်''

ထိုကောင်လေး၏အဖြေစကားကြောင့် စျာန်၏ဒေါသတို့ကအထွဋ်အထိပ်သို့ရောက်သွားပြီး ထိုကောင်လေးကိုကြမ်းပြင်ထက်ကိုင်ပေါက်ပစ်ချလိုက်ပြီး ထိုနေရာမှမြေအောက်ခန်းရှိရာသို့အလျင်အမြန်ပြေးဆင်းသွားလိုက်သည်။

မှောင်မဲနေသောလမ်းတစ်လျှောက်၊ လှေကားရင်းထက်ဆူညံ့စွာပြေးဆင်းနေသောဘွတ်ဖိနပ်တစ်စုံ၊ စိုးရိမ်စိတ်ကြောင့်ပုံမှန်ထက်အဆမတန်ခုန်နေသောဝဲဘက်ရင်အုံရှိနှလုံးသားတစ်စုံ၏တစ်ဒိတ်ဒိတ်ခုန်မြည်​နေသံ..။

(ချလောက်)

အခန်းတံခါးရှေ့၌ခြေစုံရပ်ကာ တံခါးကိုဖွင့်လိုက်သည်။ ဘာမှမဖြစ်ပါစေနဲ့လို့အထပ်ထပ်ဆုတောင်းလာခဲ့သော ဆုတောင်းများအားဘုရားသခင်မှပယ်ချခဲ့ပြီး သူမမြင်ချင်ဆုံးသော မမျှော်လင့်ထားသောပုံစံမျိုးနှင့် သူမလေးအားတွေ့လိုက်ရမည်လို့တစ်ခါလေးတောင်မတွေးမိခဲ့ဖူး...။

သွေးအိုင်ထက်လဲနေသောကလေးသည် ရီဝေစွာသူ့ကိုကြည့်နေပြီး သူ့မှန်းတန်းသိသွားသလားထင်ရအောင် ပါးပြင်ထက်အပြုံးရေးရေးလေးကိုတောင်မြင်လိုက်ရသေး၏။

𝐙𝐀𝐍'𝐬 𝐋𝐨𝐯𝐞𝐥𝐲 𝐆𝐢𝐫𝐥𝐟𝐫𝐢𝐞𝐧𝐝 {𝑴𝒂𝒇𝒊𝒂 𝑻𝒚𝒑𝒆}Where stories live. Discover now