Part-13

557 19 2
                                    

Zun' Lovely Girlfriend
(Or)
~စျာန်၏အက္ခရာ~

(အပိုင်း၁၃)

"နောက်ထပ်ဆက်ခံမဲ့သူတစ်ယောက်ရှိသေးတယ်''

"နောက်ထပ်..''

"ဦးမြတ်သူက သားတစ်ယောက်ပဲရှိတာမလား''

"အင်း သူရဲ့မွေးစားသား'တိုင်းဧက'ကိုအဝင်အထွက်သိပ်မရှိလို့ သားမသိတာဖြစ်မယ်၊ သူလည်းတော်ပါတယ် အသက်ကငယ်သလို လက်ဇကလည်းပြင်းတယ်''

"သူကဘယ်သူလဲပါး''

"နိုင်းတမာန်''

"ဗျာ!''

သျှားအလန့်တကြားထအော်မိသည်။ သျှားအသံကျယ်သွားသလားမသိ ပါးရောဦးငယ်ပါသျှားကိုသေချာစိုက်ကြည့်နေကြသည်။

"သားကသိလို့လား''

"ဟို..ကြားဖူးနေသလားလို့ပါ''

"အင်း မသိတာကပိုကောင်းလိမ့်မယ်သား၊ အဲ့ကောင်လေးရဲ့ခေါင်းထဲမှာကဉာဏ်နီဉာဏ်နက်တွေအပြည့်ပဲ သားနဲ့ထိပ်တိုက်မတွေ့စေနဲ့ ကြားလား''

"ဟုတ် ဟုတ်ကဲ့ပါပါး''

"ဒါဆို ကျွန်တော်သွားနားတော့မယ်''

"အင်းအင်း မနက်ဖြန်ရောသွားစရာရှိလား''

"ရှိတယ်ပါး၊ မားကပြန်ရောက်ရင်အိမ်ကိုလာခဲ့ဖို့ပြောထားတယ်''

ပါးကအလိုက်တသိခေါင်းညိတ်ပြကာ သျှားနေရာမှထွက်လာခဲ့သည်။

ပါးကမားကိုသိပ်ချစ်သည်။ ချစ်လွန်းလို့မကာကွယ်နိုင်မှာကို ပါးကပိုပြီးကြောက်တယ်နဲ့တူပါရဲ့၊ မားကလည်းဒီအလုပ်တွေကိုသဘောမကျတာကြောင့် သျှားအသက်၇နှစ်မှာတင်၊ ပါးတို့ကကွာရှင်းပြတ်စဲလိုက်ကြသည်။ ကွာရှင်းပြတ်စဲလိုက်သော်လည်း သျှားကတော့မားအိမ်ကိုအားရင်အားသလိုသွားလည်လေ့ရှိပြီး မားကလည်းအမြဲခေါ်တတ်သည်။

သျှားသဘောအကျဆုံးအချက်ကတော့ အခုချိန်ထိပါးဘက်ကရော မားဘက်ကပါနောက်အိမ်ထောင်မပြုပဲ တစ်ယောက်တည်းရပ်တည်နေ,နေကြချင်းပင်။

သျှားအခန်းထဲသို့ရောက်တာနဲ့ အိပ်ယာပေါ်မှောက်ချကာခေါင်းအုံးကိုဖိလျက် အော်ချလိုက်မိသည်။

𝐙𝐀𝐍'𝐬 𝐋𝐨𝐯𝐞𝐥𝐲 𝐆𝐢𝐫𝐥𝐟𝐫𝐢𝐞𝐧𝐝 {𝑴𝒂𝒇𝒊𝒂 𝑻𝒚𝒑𝒆}Where stories live. Discover now