Zun' Lovely Girlfriend
(Or)
~စျာန်၏အက္ခရာ~(အပိုင်း၁၅)
နိုင်းဦးခွန်ရှားဆီမှပြန်လာခဲ့ပြီး အတွေးများစွာနှင့်စိတ်ရူတ်နေရ၏။
ဦးခွန်ရှားပြောခဲ့သောစကားများကိုသာ နားထဲ၌ထပ်တလဲလဲပြန်ကြားနေရသည်။"တိုင်းဧက ကနေခွဲထွက်လိုက်တာနဲ့အရာအားလုံးကအဆင်ပြေသွားမယ်လို့မင်းထင်နေလား၊ မထင်နဲ့နိုင်း မထင်နဲ့ မင်းကအခုထိငယ်သေးတယ် မင်းအာဏာနဲ့သွားမရူတ်ချင်စမ်းနဲ့''တဲ့။
"မင်းတစ်ကယ်ရှေ့ဆက်ဖို့တွေးထားရင်တော့ ရပ်တန့်ဖို့ကိုလည်းမစဥ်းစားနဲ့၊ ဘာတွေပဲဖြစ်လာပါစေ မင်းမှာရွှေးချယ်ပိုင်ခွင့်မရှိဘူး ဒါပေမဲ့ ကိုယ့်အကူအညီလိုရင်တော့ကိုယ်ကအမြဲ welcomeပါပဲ''
ဦးခွန်ရှားပြောလိုက်သည်များကိုပြန်လည်တွေးတောရင်း ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းကမြည်လာတာကြောင့် ထုတ်ပြီးကိုင်လိုက်ရ၏...
"နိုင်း လာမဲ့သောကြာနေ့***hotelရဲ့VVIP Roomမှာမင်းသက်သျှားပြန်ရောက်လာတဲ့အနေနဲ့ကြိုဆိုပွဲစီစဥ်ထားတယ်''
"ဒီအပတ်သောကြာလား''
"ဟုတ်တယ် ပြီးတော့bossကိုလည်းလာဖိတ်ထားတယ်''
"ကိုစျာန်ကိုလား၊ ဘာအတွက်လဲ''
"ကြည့်ရတာသူတို့ဘက်ကဒီတိုင်းနေမယ်မထင်တော့ဘူး၊ အထဲကလူတွေဆီကသတင်းရတာကတော့ ဦးမင်းသက်လူနောက်နှစ်အစောပိုင်းမှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မယ်လို့ပြောနေကြတယ်''
"အဟက် ထင်ထားတာထက်စောစောပိုလွတ်တော့မယ်နဲ့တူတယ်''
"ဟုတ်တယ် နိုင်း၊ မကြာခင်အက္ခရာရဲ့၁၈နှစ့်ပြည့်မွေးနေ့မှာ ဦးမင်းသက်နိုင်တို့ပါလာကြလိမ့်မယ်''
"ကိုစျာန်ဖိတ်တာလား''
"ဟုတ်တယ် ဦးသက်နိုင်လာတုန်းကတစ်ခါတည်းဖိတ်လိုက်တာ''
"အင်း သောကြာနေ့မတိုင်ခင်ပြန်ရောက်လိမ့်မယ်၊ ပြီးတော့ကိုစျာန်ကိုပြောလိုက် အဲ့ပွဲကိုနိုင်းတမာန်ကတက်မယ်လို့''
"ကောင်းပါပြီ နိုင်း''
နိုင်းဖုန်းကိုချပြီး အဝေးတစ်နေရာသို့ငေးငိုင်ကြည့်နေမိ၏။ (ထိပ်တိုက်ရှင်းကြတာပေါ့ဟန်နီ...)

YOU ARE READING
𝐙𝐀𝐍'𝐬 𝐋𝐨𝐯𝐞𝐥𝐲 𝐆𝐢𝐫𝐥𝐟𝐫𝐢𝐞𝐧𝐝 {𝑴𝒂𝒇𝒊𝒂 𝑻𝒚𝒑𝒆}
Actionmafiaတစ်ယောက်မှာအချစ်မရှိသင့်ဘူး၊ ရှင်ချစ်မိလိုက်တာနဲ့အဲ့အချစ်ကရှင့်ကို ပျော့ညံ့စေလိမ့်မယ်၊ အားနည်းစေလိမ့်မယ် အဲ့အချစ်ကြောင့်ပဲရှင်ကျဆုံးရလိမ့်မယ်...ဒါကြောင့်ကျွန်မကိုမချစ်စမ်းပါနဲ့ ဦးစျာန်.... ~အက္ခရာ~ mafiaတစ်ယောက်မှာအချစ်မရှိသင့်ဘူးဆိုတာကို ကိုယ...