"ဘာမထီမင်းက မင်းကိုယ်မင်းဘာထင်နေတာလဲဟမ်း မင်းကမိဘကကိုဒုက္ခပေးရတာတော်တော်ပျော်နေလားဟမ်း ဖစ်ချင်တိုင်းဖစ်နေတာ ခုလဲဘာပြသာနာထပ်ရှာရပြန်ပီလဲ"
"ငါ့မျက်နာကိုအိုးမဲသုတ်နေတာလားပြောစမ်းပါမင်း ဦးမင်းမထီ သားကမူးရူးရမ်းကာနေပါတယ်ဆိုပီး ပြောမင်းမရှပ်ဘူးလား ဟမ်း မင်းမရှပ်ပေမဲ့ ငါရှပ်တယ်ကွသွားလေသူမင်းအမေမျက်နှာမှမထောက်ကွာ"
မထီBarမှာဓူဝံတို့နဲ့အေးဆေးသောက်နေကျတာကို ဘယ်ကငနဲမှန်းမသိဘူးမူးပီးလာရမ်းနေတာနဲ့ နည်းနည်းဆုံးမပေးလိုက်တာ အဲ့တာကိုဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့Daddyကပြသာနာရှာတယ်လုပ်နေပြန်တယ်
ဟင်းနည်းနည်းတော့ရယ်ရတယ်Daddyကသူ့သား ကျုပ်ထက်သူ့ဂုဏ်သိက္ခာကို ထိမှာဆိုးလို့တဲ့
ဟင့်မထီမဲ့ပြုံးတစ်ချက်ပြုံးလိုက်ပီး
"ဘာမှမဆိုင်တဲ့မာမီကို ဆွဲမထည့်ပါမာမီဆုံးရဝာာလဲ Daddyကြောင့်ပဲလေ Daddyသာအချိန်မှီရောက်လာခဲ့ရင် မာမီ့ ကိုဆုံးရှုံးစရာမလိုဘူး "
"Daddyရဲ့လောဘတေကြောင့် Daddyငွေအရမ်းမက်လို့ ဖစ်ရတာလေအဲ့တာတေအားလုံးက Daddyကြောင့်ပဲလေ Daddyကြောင့် မာမီသေရတာဗျ"
"မင်းကဖအေကို ပြန်ပြောရအောင်တော်တော်သတ္တိကောင်းနေတယ်ပေါ့"
ခွပ် ခွပ်
မထီ ဦးမင်းမထီထိုးလိုက်တဲ့အချိန်ကလည်းနည်းနည်းပြင်းတာရယ်သောက်ထားတဲ့အချိန်နဲ့ရောပီးနောက်ကဆိုဖာပေါ်ကိုလန်ကျသွားတယ်
"Daddyကျွန်တော့်ကိုထိုးတယ်ဟလားDaddy"
ဦးမင်းမထိငယ်ငယ်ထဲကသားကိုတစ်ခါမှမရိုက်ဖူးပါဒါပထမဆုံးအကြိမ်သာဖစ်သည်
ဦးမင်းမထီ သားဖစ်ကိုကြည့်လိုက်တော့သူ့ကိုမျက်ထောက်နီ နဲ့ပြန်ကြည်နေတဲ့သားဖစ်သူကိုကြည့်ပီး သူ့ကိုယ်သူအပစ်တင်နေမိသည်∆သား Daddyတောင်းပန်ပါတယ် သားနဲ့နန်းကိုမချစ်လို့မဟုတ်ပါဘူးကွာ ချစ်လွန်းလို့ပစ်ထားသလိုဖစ်ခဲ့ရတာပါ သားနဲ့နန်း ကိုပြည့်ပြည့်စုံစုံထားချင်တာကြောင့်အလုပ်ချီဖိလုပ်နေခဲ့မိတယ် နန်း ဆုံးသွားပြန်တော့လည်း သားကိုလို့အပ်မှန်သမျှဖြည့်စည်းပေးပေမဲ့ ဖခင်မေတ္တာအပြည့်အဝမပေးမိပြန်ဘူး အဲ့တာတေကြောင့်ထင်တယ် ခုတော့သားကနန်းဆုံးတာကိုလည်းခုထိဖအေဖစ်သူကို အခဲမကြေးဖစ်နေခဲ့ထင်ပါရဲ့∆