⛰️Chapter 1
နိုးထလာခြင်း။ဩဂုတ်လက ဒီအချိန်တွင်အပူဆုံးဖြစ်ပြီး နေရောင်က မြေကြီးကိုကျက်မတတ်ကင်နေရာ တစ်မြို့လုံးကပေါင်းအိုးထဲရောက်နေသလို ခံစားနေရသည်။ မြေကြီးမှတက်လာသော အပူငွေ့များသည် မြင်ကွင်းကိုဝေဝါးသွားစေ၏။
တန့်ချိုးတောင်ခြေမှ ၁၀ကီလိုမီတာလောက်ဝေးသောနေရာတွင် ချင်းဝမ်ထောင်က နဖူးမှစီးကျလာသောချွေးများကို လက်တစ်ဖက်ဖြင့်သုတ်လိုက်ကာ ဂနာမငြိမ်ဖြင့် သိပ်မဝေးသောနေရာမှ ဆောက်လုပ်ရေးဆိုဒ်ကို စောင့်ကြည့်နေ၏။သူ့လေသံက အလွန်ဖားယားနေကာ ပြုတ်ထွက်မတတ်ခေါင်းငြိမ့်ပြီး အရိုအသေပေးနေလေသည်။
"ခေါင်းဆောင်လု စိတ်မပူပါနဲ့ ဆောက်လုပ်ရေးက အဆင်ပြေပြေဆက်သွားနေပါတယ်၊ အကောင်းဆုံးဆောက်လုပ်ရေးအသင်းကို ကျွန်တော်ကိုယ်တိုင်ရှာထားတာပါ လဝက်အတွင်းမှာ တောင်ပေါ်လမ်းပြီးစေရမယ်လို့ ကျွန်တော်အာမခံပါတယ်ဗျာ၊ နှစ်ကုန်လောက်ဆိုရင် အုတ်မြစ်ချတာက နေရာကျသွားလောက်ပါပြီ"
ဖုန်းတစ်ဖက်ခြမ်းတွင် လုဟယ်နျန်က ကြီးမားသည့်ပြင်သစ်ပြတင်းပေါက်ရှေ့တွင်ရပ်ကာ တန့်ချိုးတောင်ရှိရာကိုငေးနေ၏။သူ၏သွယ်လျလျလက်ချောင်းများက ဖန်ခွက်ကိုညင်သာစွာတောက်နေပြီး ချင်းဝမ်ထောင်၏သိသာလှသည့်ဖော်လန်ဖားမှုကိုနားထောင်နေချိန်တွင် သူ့အမူအရာများက စိတ်မဝင်စားသလိုဖြစ်နေပေသည်။
"ဒီပရောဂျက်က မြန်မြန်ပြီးမှရမယ်၊ တောင်ပေါ် သဘာဝပေါက်ပင်တွေကို တတ်နိုင်သလောက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လုပ်ဖို့ကိုလည်း မင်းအစွမ်းရှိသလောက်အားစိုက်ထားပါ"
သူ့နှုတ်ခမ်းပါးများက ဂရုမစိုက်စွာပြောလာ၏။နွေလယ်ခေါင်ကြီးတွင် သူ့အသံက လူများကို အေးစက်မှုကြောင့် အေးခဲမတတ်ခံစားချက်များပေးနေပေသည်။
"နားလည်ပါပြီ နားလည်ပါပြီ၊ သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရမယ် ကျွန်တော်နားလည်ပါတယ် ခေါင်းဆောင်လု。。。"
ချင်းဝမ်ထောင်က စကားနည်းနည်းဆက်ပြောချင်သေးသော်လည်း တစ်ဖက်ကဖုန်းချသွားပြီဖြစ်သည်။သူ၏ကပ်ဖားရပ်ဖားလုပ်နေသောအမူအရာက လျင်မြန်စွာပင် ပုံမှန်သန့်ရှင်းပြီး သပ်ရပ်သောအမူအရာသို့ပြောင်းလဲသွားလေသည်။
YOU ARE READING
ငါ့တောင်ကိုဘယ်သူရွေ့တာလဲ
Historical FictionTitle - Who move my moutain ⛰️ Description တောင်မိစ္ဆာလေးယွင်ရုန်သည် နှစ်ပေါင်းသုံးထောင်ကျော်အောင်အိပ်ပျော်နေခဲ့၏။သူမက လူများ၏ဆုတောင်းပူဇော်မှုဖြင့်သာ နိုးထလာနိုင်မှာဖြစ်သည်။ သို့သော် တစ်နေ့တွင် သူမက မြေတူးစက်ဟုခေါ်သည့် ထူးဆန်းသည့်စက်ကြီး၏ ရိုင်း...