Chapter 18
August 18, 2024
⛰️Chapter 18.စိတ်ဝိဉာဉ်ကျောက်စိမ်း
သေစေနိုင်တဲ့အန္တရာယ်ကနေ ထိုးဖောက်ထွက်မှာလား။
လူတိုင်းက ခနလောက်ကြောင်အနေပြီးမှ ပျော်ရွှင်သောအမူအရာများဖော်ပြလာကြသည်။လုနန်ရှန်းက အတည်ငြိမ်ဆုံးဖြစ်ကာ သတိတကြီးဖြင့်မေးလာ၏။
“ဒါဆို ဆရာသခင်ကျန်းဆိုလိုတာက အဲ့ဒီမျှော်လင့်ချက်မဲ့တဲ့အခြေအနေကနေဖောက်ထွက်နိုင်မယ့် နည်းလမ်းကိုရှာတွေ့သွားပြီလို့ပြောချင်တာလား”
ဆရာသခင်ကျန်းက ခေါင်းခါလိုက်ပြီးနောက် သက်ပြင်းချကာပြန်ဖြေလာ၏။
“100%သက်ရောက်မှုရှိတဲ့ နည်းလမ်းကိုတော့ ရှာမတွေ့သေးပါဘူး ဒါပေမယ့်ကျုပ်ရဲ့တွက်ချက်မှုအရဆိုရင် ဟယ်နျန်ရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်မယ့်ကြားခံက ဟိုင်ရှီးမှာဘဲရှိလိမ့်မယ်၊ သူကအဲ့ဒီကြားခံကိုဆုပ်ကိုင်နိုင်သရွေ့ အသက်ဆက်ရှင်နိုင်ဖို့မျှော်လင့်ချက်ကြီးရှိလာလိမ့်မယ်”
လောကရှိသက်ရှိအရာမှန်သမျှသည် ကြိုတင်ခန့်မှန်း၍မရနိုင်ပေ။ဆရာသခင်ကျန်းသည် သဘာဝလွန်နယ်ပယ်တွင် ဆရာတစ်ဆူဟုသတ်မှတ်ခံထားရ၏။သို့သော် လူတစ်ယောက်၏ဘဝကံတရားကိုမူ ကောင်းကင်ဥပဒေကသတ်မှတ်ထားပြီးသားဖြစ်သည်။လူတစ်ယောက်အတွက် ကောင်းကင်ဥပဒေကိုအံတုရန်မှာ အဆုံးတွင်မဖြစ်နိုင်သောအရာတစ်ခုကိုကြိုးစားနေခြင်းသာဖြစ်သည်။
လုနန်ရှန်းသည်လည်း ဤစည်းမျဉ်းကိုနားလည်၏။သူကအနည်းငယ်စိတ်ပျက်သွားသော်လည်း ခေါင်းငြိမ့်လိုက်ဆဲဖြစ်သည်။
“ဒါဆိုရင် ကျွန်တော်တို့ဘက်က လုပ်နိုင်တာတစ်ခုခုရှိလား”
“ဒီကိစ္စအတွက်စိုးရိမ်နေစရာမလိုပါဘူး အချိန်တစ်နှစ်တောင်ရှိသေးတယ် အခုချိန်မှာတော့ အဲ့ဒီကြားခံကဘယ်မှာလဲဆိုတာကိုကျုပ်တို့လည်းမသိဘူး လူတစ်ယောက်လား၊အရာဝတ္ထုလားဆိုတာကိုလဲ မသိသေးဘူး”
ဆရာသခင်ကျန်းကနှစ်သိမ့်လာပြီးနောက် အနောက်မှတပည့်ဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။
YOU ARE READING
ငါ့တောင်ကိုဘယ်သူရွေ့တာလဲ
Historical FictionTitle - Who move my moutain ⛰️ Description တောင်မိစ္ဆာလေးယွင်ရုန်သည် နှစ်ပေါင်းသုံးထောင်ကျော်အောင်အိပ်ပျော်နေခဲ့၏။သူမက လူများ၏ဆုတောင်းပူဇော်မှုဖြင့်သာ နိုးထလာနိုင်မှာဖြစ်သည်။ သို့သော် တစ်နေ့တွင် သူမက မြေတူးစက်ဟုခေါ်သည့် ထူးဆန်းသည့်စက်ကြီး၏ ရိုင်း...