part 4 ( Zawgyi )

935 2 0
                                    


part 4

"နွားလို့ ထပ်ပြောရင်ထပ်နမ်းမှာပါးစပ်ပိတ်ပီးလိုက်ခဲ့"

ဇာမဏိ ဒီလူရဲ့ရုပ်တည်ပုံစံကြီးကိုကြောက်တာကြောင့် ငြိမ်ငြိမ်နေကာလိုက်ခဲ့လိုက်ရသည်

ကားပေါ်ရောက်တော့လဲ ဒီလူရဲမျက်ခုံးကကျုံ့နေစမြဲပင်

ကားသားမောင်းလာတာ ဇာမဏိငယ်ဆိုတဲ့အမျိုးသမီးက သူ့ကိုတစ်လမ်းလုံးကြည့်နေတာကြောင့် ဇာမဏိငယ်ဘက်ပြန်လှည့်ကာ

"မင်း ဘာကြည့်နေတာလဲ"

"ဘာမှမကြည့်ပါဘူး ရှင့်မျက်လုံးပေါ်ကခူပျံကြီးကကျုံ့နေလို့"

ဇာမဏိ သူမေးတာကို ဖြေတော့လဲ ဒီတိုင်းဘာမှမပြောဘဲ ကားသာဆက်မောင်း နေတဲ့
ဇီဇဝါကြောင်တဲ့လူကြီးပေါ့

ဇဗ္ဗူမင်းစံ သူ့အိမ်ရောက်တော့ ကားရပ်လိုက်ကာ ကားပေါ်ကဆင်းပီး ဇာမဏိငယ် ကိုမပြောမဆိုနဲ့ပွေ့ချီကာ သူအခန်းထဲသို့ခေါ်လာခဲ့လိုက်သည်
အစေခံမလေးများကတော့ အိမ်ထဲမှာအလုပ်လုပ်ရင်းကနေ သူတို့နှစ်ယောက်အားကြောင်ကြည့်နေကြပြန်သည်

ဇာမဏိ အခန်းထဲရောက်တော့ အံ့ဩမိသည်
ဒီလူအခန်း က ကျယ်ဝန်းပီး အိပ်ခန်းအပြင်တခြားအခန်း တွေပါရှိသေးသည် ပစ္စည်းတွေ ကိုလဲနေရာတကျထား ထား သလို ဆုများကိုလဲမှန်ဘောင်ထဲတွင်တွေ့ရသည်

သူချပေးတဲ့နေရာမှာထိုင်ပီးသူ့ရဲ့အခန်းကိုကြည့်နေတဲ့ ဇာမဏိငယ် ကိုကြည့်ပီးပြောချင်သည့်စကားဟာထိန်းမရတော့တာကြောင့်

"ဇာမဏိငယ် ကြည့်မနေနဲ့ မင်းနဲ့ငါယူပီးရင်တစ်အိမ်လုံးကိုမင်းဘဲသန့်ရှင်းရေးလုပ်ရမှာ"

တာဝန်မယူပါနဲ့လို့‌ပြောတာကို တာဝန်ယူမယ်ပြောပီး အထက်စီးကနေ သန့်ရှင်းရေးပါလုပ်ရမယ်ပြောလာတဲ့ ဇီဇဝါကြောင်တောင်
တောင် လူကြီးကို ဇာမဏိကြည့်မရတဲ့အဆုံး

"ဟိတ်လူ ရှင့်ကို ဇာမဏိ ကယူမယ်ပြောလို့လား ပီးတော့ ရှင့်ကိုတာဝန်မယူ နဲ့လို့ ဇာမဏိ ပြောသားဘဲ"

"မင်းနဲ့ငါလက်ထပ်တာသက်သက်ပဲ မင်းကိုအရမ်းချစ်လွန်းလို့ လက်ထပ်မယ်ပြောတယ်များထင်နေလား တာဝန်ယူချင်တယ်များထင်နေလား "

ပြည့်တန်ဆာအိမ် မှ ဇာမဏိငယ် [ Completed ]Where stories live. Discover now