part 16 ( Unicode )

2.8K 38 5
                                    

ပြည့်တန်ဆာအိမ်မှဇာမဏိငယ်

part 16

"ခြွေ က ဇာမဏိငယ် ဟုတ်ပါတယ် လူကြီး  ခြွေ ကဇာမဏိငယ် ပါ"

"ကိုယ်သိတယ် ကိုယ်မင်းရဲ့ကိုယ်သင်းရနံ့ ကိုကိုယ်မှတ်မိတယ် ငယ်လေး ဘယ်လောက်ဘဲမဟုတ်ဘူးပြောနေပါစေ ငယ်လေး ရဲ့ကိုယ်သင်းရနံ့ကတော့ ကိုယ့်ကိုလိမ်လို့မရဘူးငယ်လေး"

ခြွေ လမ်းရှိးဈေးဆိုင်တွေအားတစ်ဆိုင်မှဂရုမစိုက်နိုင်တော့ လူကြီး ရဲ့ပါးလေးကို ခြွေ ဖွဖွလေးကိုင်လိုက်ပီး

"ခြွေ လူကြီး ကိုလွမ်းနေခဲ့တာ ခြွေ လူကြီး ကို...."

ဇဗ္ဗူမင်းစံ ပန်းဦးခြွေ ရင်လက်အပေါ်မှထပ်ကိုင်လိုက်ရင်း

"ကိုယ်မင်းကိုချစ်တယ် ဇာမဏိငယ် ဖြစ်ဖြစ် ပန်းဦးခြွေ ဖြစ်ဖြစ် ကိုယ်ချစ်တာမင်းမို့လို့ချစ်တာ အဲ့တာကို မင်းသိဖို့ကောင်းပါရဲ့"

ဇဗ္ဗူမင်းစံ သူ့ရှေ့ရှိ သူမလေးကမျက်ရည်ဝဲလုနီးနီးဖြစ်နေသည်ကို မခံစားနိုင်တဲ့အဆုံး ရင်ထဲတွင်လဲပူလောင်လာသည် ဘာလို့ဆို သူမလေးမျက်ရည်ကျမှာကိုမလိုလား သူမလေးပျော်နေမှသာဒီလူကလဲပျော်နိုင်မည်

"မျက်ရည်မကျပါနဲ့ ကိုယ့်အတွက်နဲ့မျက်ရည်ကျတာမကြိုက်ဘူး ပီးတော့ တခြားလူအတွက်မျက်ရည်ကျတာလဲမဖြစ်စေချင်ဘူး အဲ့တာကြောင့် မင်းရဲ့မျက်ရည်မကြွေပါနဲ့"

ချစ်တယ်လူကြီး လို့ အကြိမ်တစ်ရာအဆက်မပြတ်ရွတ်နေ‌ရင်တောင်ရွတ်လို့မဝနိုင်သလိုချစ်လို့လဲမဝနိုင်ပါကြောင်း တစ်လောကလုံးကိုအော်ပြောလိုက်ချင်သည် ။ ဒါဟာ လူကြီးပေါ်ထားတဲ့ ဇာမဏိငယ် ရဲ့အချစ်သက်သေပါဘဲ

"လူကြီး"

"ဗျာ"

"ခြွေ တို့ hotel ပြန်သွားကြရအောင်လေ လူကြီး ရဲ့
သူငယ်ချင်းတွေလဲစောင့်နေရောပေါ့"

"အင်း သွားမယ်လေ"

ဟုဆိုကာ ခြွေ့ ရဲ့လက်ကလေးကိုဆွဲပီး hotel သို့ဦးတည်လာခဲ့လိုက်သည် ။ hotel သို့ဝင်ဝင်ချင်း ‌
ဇဗ္ဗူမင်းစံ ဦးကျော်ကြား ကိုတွေ့လေသည် ။ သို့ပေမဲ့ ဦးကျော်ကြား မျက်နှာကတော့ ပြုံးမနေဘဲ တည်နေတာကိုသာတွေ့ရသည်

ပြည့်တန်ဆာအိမ် မှ ဇာမဏိငယ် [ Completed ]Where stories live. Discover now