ပြည့်တန်ဆာအိမ်ကဇာမဏိငယ်part 12
ဇာမဏိ ပြောလို့အပီး ဇာမဏိ မျက်လုံးများကို
စုံမှိတ်ရင်း တံတားအောက်သို့ခုန်ချလိုက်တော့သည်။ ဒီဘဝတော့ဒီမျှပေါ့လူကြီးရယ် နောက်ဘဝဆိုတာရှိရင်လဲ အမှတ်မရှိတဲ့ ဇာမဏိ ကဘဲလူကြီးရဲ့ဦးစားပေးခံရတဲ့လူဖြစခရပါစေ"ဇာမဏိ!!!"
ဇဗ္ဗူမင်းစံ အော်ခေါ်နေခဲ့ပေမဲ့ မြစ်ထဲခုန်ချသွားတဲ့ ဇာမဏိငယ် ကတော့မကြားနိုင်တော့ပေ။ ဇဗ္ဗူမင်းစံ ရင်တစ်ခုလုံးပူလောင်နေခဲ့ပီလေ အရူးတစ်ယောက်လို ဇာမဏိ ကိုအော်ခေါ်နေခဲ့သည်။
ဇဗ္ဗူမင်စံ ဇာမဏိငယ် ခုန်ချလိုက်တဲ့အခိုက်အတန့်တွင် ကျနေစမျက်ရည်များဟာထပ်မံကျလာပီး လျှပ်တပျက်ဆိုသလို ကောင်းကင်ကလဲအုံ့မှိုင်းပီးလေတွေတိုက်ခတ်လာကာ ရွာချလာတဲ့မိုးဟာအငြှိုးကြီးစွာ မိုးနှင့်အတူကြမ်းတမ်းစွာတိုက်ခတ်လာသောလေများကြားတွင် ဇဗ္ဗူမင်းစံ ထိုင်ငိုနေလေပီ
"ကိုယ် .....ကိုယ်မင်းမရှိဘယ်လိုနေရမှာလဲ ဇာမဏိငယ်ကိုယ်ပြောပါတယ် မင်းသေရင်တောင် မင်းဝိဉာဉ် ကိုအကျဉ်းချထားမှာလို့ သေမင်းတောင် မင်းဝိဉာဉ် ကိုမပိုင်စေရဘူး"
ဟုဆိုကာ တံတားဘောင်ပေါ်တက်ဖို့အလုပ် ဒေါ်မြင့်ဝေ အနောက်ကနေ လှမ်းဆွဲလိုက်ရင်း
"သား!! ဘာလုပ်တာလဲ စိတ်ထိန်းအုံးလေ "
သူ၏သားမျက်ရည်ကျကာအရူးတပိုင်းလိုဖြစ်နေတာကြောင့် ဒေါ်မြင့်ဝေ ဇဗ္ဗူမင်းစံ ကိုအနောက်ကနေဆွဲလိုက်သည်
"စိတ်ထိန်းပါအုံးသားရယ် စိတ်လိုက်မာန်ပါမလုပ်ပါနဲ့"
"ဇာမဏိငယ် ဒီမြစ်ထဲခုန်ချသွားတာမာမီ ကျွန်တော်လိုက်သွားမယ် ဇာမဏိ အထီးကျန်နေလိမ့်မယ် ကျွန်တော်လိုက်သွားမယ်"
"စိတ်ထိန်းစမ်းပါသားရယ် စိတ်ထိန်းစမ်းပါ"
"ကျွန်တော့မိန်းမမြစ်ထဲခုန်ချသွားတာကိုဘယ်လိုသိတ်ထိန်းနိုင်မှာလဲမာမီ ကျွန်တော်ဇာမဏိငယ် ကိုချစ်တယ် ကျွန်တော်သူ့ကိုအဆူံရှုံးမခံနိုင်ဘူး"
YOU ARE READING
ပြည့်တန်ဆာအိမ် မှ ဇာမဏိငယ် [ Completed ]
Lãng mạn"ဇာမဏိငယ်" လူကြီး ရှင်ကတော့မသိပေမဲ့ အမုန်းကြီးစွာနဲ့မင်းကပြည့်တန်ဆာအိမ်က မိန်းမဘဲလို့ အမြဲတစေပြောနေပေမဲ့ ရှင်မသိရဲ့ရပ်ဝန်းလေးမှာ အရမ်းကိုသန်မာလွန်းလှပါတယ်ရှင်ရယ်....... "ဇဗ္ဗူမင်းစံ" ကျုပ်ဒေါသဟာဘယ်လောက်ထွက်ထွက် သူမလေး ရဲ့ လူကြီး ဆိုတဲ့အသံလေးကြားရင...