part 14 ( Zawgyi )

652 5 0
                                    

ပြည့်တန်ဆာအိမ်ကဇာမဏိငယ်

part 14

ကြာပန်းဖုန်းချလိုက်ပီး အိပ်ရာပေါ်တွင်လူးလိမ့်ကာပျော်နေမိသည် ဒါဟာ ဒေါ်ဒေါ် နဲ့ငယ် အတူတူပထမဆုံးခရီးထွက်ရခြင်းပင်

သဲပွင့်လွှာ ကြာပန်းငယ် ရဲ့အသံလေးကြောင့် မပြုံးစဖူး တစ်ယောက်တည်းပြုံးနေမိသည်  ရင်ထဲလဲနွေးလာသလို ။

နာရီလက်တံလေးဟာတချက်ချက်နဲ့ရွေ့လျားကာ
7:00 သို့ရောက်ရှိခဲ့လေပီ ။ ညချိန်ကျေည်လွန်ခဲ့ပေမဲ့ သဲပွင့်လွှာ နဲ့ ကြာပန်းငယ် ခရီးသွားရမည်ဖြသ်တာကြောင့် စိတ်လှုပ်ရှားတစ်ညလူံမိအပ်ဖြစ်ခဲ့ သို့ပေမဲ့ 7:00 သို့ရောက်ရှိလာပီဖြစ်တာကြောင့်
မျက်နှာသစ်ရေမိုးချိုးပြင်ဆင်စရာရှိတာပြင်ဆင်ပီး ခြံဝန်းရှေ့ထွက်လာခဲ့လိုက်သည် ။

"ကိုကိုစံ ကားမယူတော့ဘူးလား"

"ခွန်းဆက်ရဲ့ ကားနဲ့ဘဲသွားမှာလေ တစ်ယောက်တစ်စီးနဲ့သွားရင် စောင့်နေရတာအဆင်မပြေလို့"

"အခုလဲစောင့်နေရတာဘဲ ကို"

ဇဗ္ဗူမင်းစံ ကြာပန်းငယ် ကိုဘာမှမပြောတော့ဘဲ မှန်ဘောင်ထဲကထုတ်လာသော ပုဝါလေးအားခေါက်ကာလက်တွင်ချီထားလိုက်သည်။

ကြာပန်းတို့ စောင့်တာခနကြာတော့ ‌

"ဇဗ္ဗူ တို့ ကား အိမ်မှာထားခဲ့ရင်ရတယ်မလား"

"ရတယ်လေ ထားခဲ့လိုက်ခြံစောင့်ရှိတယ်"

သဲပွင့်လွှာ ပြောပီးတာနဲ့ကားကို ဇဗ္ဗူမင်းစံ တို့၏ကျယ်ဝန်းလှသောခြံထဲသို့မောင်းသွားလိုက်ပီး ခြံပြင်ပြန်ထွက်လာခဲ့လိုက်သည်

သဲပွင့်လွှာ ထွက်လာတာနဲ့တစ်ပြိုင်တည်းခွန်းဆက်‌မောင် တို့ကားလည်းအရောက် 3 ယောက်လုံးကားပေါ်တက်ကာ ခရီးဆက်ကြရသည် ။ ခရီးဆိုတာလူများမှပျော်စရာကောင်းတာကြောင့်အဖွဲ့လိုက်ထွက်လာကြသည်။

"bro သီချင်းလေးဘာလေးဖွင့်ပါအုံး ဒီတိုင်းကြီးသာ သွားရင်ပျင်းတယ်"

သဲပွင့်လွှာ ပြောလိုက်တော့ခွန်းဆက်မောင် လဲ သီချင်း ကိုအကျယ်ကြီးဖွက့်လိုက်သည်ကားထဲ
တွင်ထိုသီချင်းဟာပဲ့တင်ထပ်နေတော့သည် ထိုသီချင်းက

ပြည့်တန်ဆာအိမ် မှ ဇာမဏိငယ် [ Completed ]Where stories live. Discover now