🌹ပြည့်တန်ဆာအိမ်မှဇာမဏိငယ်🌹
🌹ဇဗ္ဗူမင်းစံ ဇာမဏိငယ်🌹
part 6
အယ် လူကြီး ကလဲငါ့ကိုတောင်မစောင့်ဘူးမြန်မြန်ကြီးသွားလိုက်တာ ငါ့ကိုစိတ်ဆိုးနေတုန်းများလားမသိဘူး
ဇာမဏိ လဲလူကြီးနောက်အမြန်လိုက်ကာ
ကားထဲဝင်ထိုင်လိုက်ရင်း လူကြီးဘက်ကိုလှည့်ကာ"လူကြီး ဇာမဏိ ကိုစိတ်ဆိုးမပြေသေးဘူးလား ဘာလို့ဇာမဏိ ကိုမစောင့်တာလဲ"
"အလုပ်ကိစ္စရှိသေးလို့ "
"ဪ အဲ့တာဆို ဇာမဏိ ကို အိမ်အရင်ပို့လိုက်လေ နော် လူကြီး"
"အင်း"
ဟင်း ဒီလူကြီး ကိုငါ့အပိုင်ဖြစ်အောင်ဘယ်လိုလုပ်ရမှာလဲလို့ အမြဲတမ်းခပ်တည်တည်နဲ့ ဟိုသီချင်းလိုဘဲ အသဲနှလုံးမရှိတဲ့လူဆိုတဲ့သီချင်းလိုဘဲ ဟုသာ ဇာမဏိ စိတ်ထဲကနေပြောလိုက်မိသည်
တစ်လမ်းလုံး ဘာစကားမှလဲမပြော ကားကိုသာဂရုတစိုက်မောင်း နေတဲ့လူကြီးကို ဘာပြောလို့ပြောရမှန်းလဲမသိ ဇာမဏိ အပိုင်ဖြစ်အောင်ထိ ဘယ်လိုလုပ်ရပါ့မလဲလို့ ဇာမဏိ စဉ်းစား ရင်း စဉ်းစားရင်းခေါင်းသာရှုပ်လာရသည်
"ဇာမဏိ"
"ဟင်..."
"ငါသိချင်တာမေးမလို့ပါ"
"မေးလေ လူကြီး"
"မင်း အဲ့ပြည့်တန်ဆာအိမ် မှာဘဲအကြာကြီး
နေခဲ့တာမမပျင်းဘူးလား""အင်း မပျင်းဘူးလားဆိုတော့ မမ တို့မအားတဲ့အချိန်တို့ ဇာမဏိ ကိုစောင့်ကြည့်မဲ့လူမရှိရင် အပြင်ခိုးထွက်ပီးလည်တာလေ ခနခနတော့ အဆူခံရတာပေါ့"
"ပြောထွက်လေ ဘာလို့ခိုးထွက်တာလဲမင်းက"
"မမ ကဇာမဏိ ကိုပေးမထွက်ဘူးလေပြောရင်လဲ"
"အဲ့တာဆိုအဲ့နေ့က မင်းလား ပုဝါပြုတ်ကျခဲ့တာ"
"ဘယ်နေ့ကလဲ လူကြီးရဲ့"
"သိပ်တော့မမှတ်မိဘူး အဖြူနဲ့အပြာတွဲဝတ်ထားတာထင်တယ် ဂါဝန်လားလို့ဘဲ "
"အော် အဲ့ပဝါ ကလူကြီးဆီမှာလား ဇာမဏိ တောင် အဲ့ပုဝါပျောက်လို့လိုက်ရှာနေသေးတယ် ဒါပေမဲ့မတွေ့ဘူး"
YOU ARE READING
ပြည့်တန်ဆာအိမ် မှ ဇာမဏိငယ် [ Completed ]
Roman d'amour"ဇာမဏိငယ်" လူကြီး ရှင်ကတော့မသိပေမဲ့ အမုန်းကြီးစွာနဲ့မင်းကပြည့်တန်ဆာအိမ်က မိန်းမဘဲလို့ အမြဲတစေပြောနေပေမဲ့ ရှင်မသိရဲ့ရပ်ဝန်းလေးမှာ အရမ်းကိုသန်မာလွန်းလှပါတယ်ရှင်ရယ်....... "ဇဗ္ဗူမင်းစံ" ကျုပ်ဒေါသဟာဘယ်လောက်ထွက်ထွက် သူမလေး ရဲ့ လူကြီး ဆိုတဲ့အသံလေးကြားရင...