🌹ပြည့်တန်ဆာအိမ်မှဇာမဏိငယ်🌹
🌹ဇဗ္ဗူမင်းစံ ဇာမဏိငယ်🌹
part 7
ဇဗ္ဗူမင်းစံ ဒန်းပေါ်ထိုင်နေရင်း သူ၏နှလုံးသားထဲမှခံစားနေရတာတွေအား ကိုယ့်ကိုယ်ကိုလိမ်ညာနေတော့သည်
တစ်ဖက်မှာလဲ ပြတင်းပေါက်ဘေးတွင်
ရပ်ကာ ပြတင်းပေါက်ဘောင်ကိုမှီရင်း
လ ကိုကြည့်ရင်း ငိုနေသူမှာ ဇာမဏိငယ်
သာ"အဟင်း လ ကြီးရေ ဇာမဏိ အဖြစ်ကို
ကြည့်ပီးလှောင်နေသလိုဘဲနော် ရှင့်ရဲ့
ဘေးမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့
ကြယ်တွေလဲအတူတူဘဲ ဇာမဏိ ကိုအကုန်
လှောင်ရယ်နေကြတာ ပြည့်တန်ဆာ မဟုတ်တဲ့ လူကိုလှောင်ရယ်နေတာပျော်ကြပါရဲ့လား အဟင့်.... အဟင့်"သူမ ခံစားချက်တွေကို ထိန်ထိန်သာနေသော လ ကြီးကိုရင်ဖွင့်နေခြင်းပင် မျက်ရည်စတွေနဲ့အတူပေါ့........
>>>>>>
"ကောင်မ မနက်ဖြန်နင်ငါ့အိမ်လာခဲ့
ဟိုကောင်မတွေလဲ ငါခေါ်ထားတယ်""အေးလာခဲ့မယ်လေ"
"ပီးတော့ အဲ့ကောင်မငါ့ကိုဒီနေ့ပြောခဲ့တာတွေအတွက်မနက်ဖြန် ပြန်ပေးဆပ်ခိုင်မယ်"
"နင့်ဘက်ကဘဲပါတယ်ကောင်မ သူကဘာမလို့နင့်ကိုအဲ့လိုတွေပြောနိုင်ရတာလဲ"
"သူကပြည့်တန်ဆာလေ အဲ့တာကြောင့်အရှက်မရှိပြောနိုင်ရတာပေါ့ဟယ်"
"အေးအေးမနက်ဖြန်ငါလာခဲ့မယ်ဟိုကောင်မတွေရောမလား"
"ဟုတ်တယ်"
"အဲ့တာဆိုအခုတော့ဒါဘဲနော်"
ဖုန်းချသွားတော့ ကြာပန်းငယ် မနက်ဖြန်အတွက်တွေးပီးပျော်နေမိသည် သူမ၏သူငယ်ချင်းတွေကိုခေါ်ကာ ဇာမဏိငယ် ကိုနှိပ်ဆက်ဖို့သာဖြစ်သည်
>>>>>>>
"အဟင်း ငါ့အိပ်မက်တွေနီးလာပီ ဇာမဏိငယ်
မင်းဖြည့်ဆည်းပေးမှရမယ် မင်း ကိုပြောတဲ့တစ်ချို့တစ်ဝက်ပုံပြင်ထဲမှာ မှားနေတာတွေရှိတယ် မင်းကိုအယုံသွင်းထားတာလေ "ပန်းဆွယ်တော် ဝိုင်တစ်ချို့သောက်ကာ လသာဆောင်တွင် မူးကာပြောနေခြင်းသာဖြစ်သည်
YOU ARE READING
ပြည့်တန်ဆာအိမ် မှ ဇာမဏိငယ် [ Completed ]
Lãng mạn"ဇာမဏိငယ်" လူကြီး ရှင်ကတော့မသိပေမဲ့ အမုန်းကြီးစွာနဲ့မင်းကပြည့်တန်ဆာအိမ်က မိန်းမဘဲလို့ အမြဲတစေပြောနေပေမဲ့ ရှင်မသိရဲ့ရပ်ဝန်းလေးမှာ အရမ်းကိုသန်မာလွန်းလှပါတယ်ရှင်ရယ်....... "ဇဗ္ဗူမင်းစံ" ကျုပ်ဒေါသဟာဘယ်လောက်ထွက်ထွက် သူမလေး ရဲ့ လူကြီး ဆိုတဲ့အသံလေးကြားရင...