part 9 ( Zawgyi )

722 2 0
                                    


🌹ဇဗ္ဗူမင်းစံ ဇာမဏိငယ်🌹

part 9

ဇာမဏိငယ် သူမနိုးလာတော့ သူမရှေ့တွင်
ဇဗ္ဗူမင်းစံ အိပ်နေတာကိုမြင်မြင်ချင်း ခနတာ ‌သူမခေါင်းတွေကိုဖိနှိပ်နေပေမဲ့

ညတုန်းကအရိပ်အယာင်များခေါင်းထဲတွင်ပေါ်လာသည်ကို ရှက်ကာ ထမည်လုပ်တော့ ဇဗ္ဗူမင်းစံ ၏လက်များက သူမ၏ရင်သားပေါ်တွင်သာ

ဇာမဏိ လူကြီးရဲ့လက်ကိုဖယ်လိုက်တော့ လူကြီးက ဇာမဏိ ကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြန်သည် ဇာမဏိ ထမည့်အတွေးဟာ လူကြီး ရဲ့ရင်ခွင်ထဲမှာတင် ပျောက်ဆုံးသွားရသည်

ဇာမဏိ လူကြီး ကိုမော့ကြည့်လိုက်တော့ မနေ့ ကအေးစက်စက်ပုံစံကိုပြန်မြင်ယောင်လာကာ

"ဟင့် တကယ်အမြင်ကပ်စရာကောင်းတဲ့လူ စက်ရုပ်လိုဘဲ ခံစားချက်မရှိတဲ့လူ ရိုက်ပြစ်ချင်စရာကြီး "

သူမအတွေးနဲ့တင်ရိုက်ပြစ်ချင်စိတ်များဟာသူမမျက်နှာတွင်ထင်ရှားပေါ်လွင်နေလေ၏။
ဇာမဏိ ငယ်ထိုအတွေးဝင်လာပေမဲ့ တကယ်ရိုက်ခိုင်းလျှင်လဲဇာမဏိ မရိုက်ရက်ပေ။

ဇဗ္ဗူမင်းစံ သူ၏မျက်လုံးဖွင့်လာတော့
ဇာမဏိငယ် ရဲ့မျက်နှာလေးဟာသူ့ကိုမကျေနပ်သလို

"မင်းမျက်နှာက ဘာဖြစ်နေတာလဲ "

"ဟင့်အင်"

"အဲ့တာဆိုလဲထတော့ ဒီနေ့ကိုယ်အလုပ်သွားရမှာ"

"ဟုတ်ကဲ့ လူကြီး"

လူကြီး ကဇာမဏိ ထက်အရင်ထကာ‌ရေ
ချိုးခန်းထဲဝင်သွားခဲ့လေသည်။ ဇာမဏိ
ကိုလူကြီးက တစ်ခါတစ်လေ ချစ်သလိုလို တစ်ခါတစ်လေကျလဲအရမ်းရက်စက်တက်သည် ။ လူကြီး ကစိတ်အမျိုးမျိုးနဲ့ပါရှင်ရယ်

မနေ့တုန်းကလိုပေါ့ အစားအစာမဟုတ်တဲ့
ဇာမဏိ ကိုတောင်သူ့သူငယ်ချင်းနဲ့မျှပေးသည်တဲ့လေ ဘယ်လောက်တောင်မုန်းဖို့ကောင်းလိုက်တဲ့ လူကြီးပါလိမ့်ဘယ်လောက်ပင်လူကြီး ဇာမဏိ ကိုမုန်းပါစေ ဇာမဏိ လူကြီးကိုချစ်မိနေပီ  .........

>>>>>>>

သာလုလင် တစ်ယောက် နိုးလာတော့
ခွန်းဆက်မောင် ရင်ခွင်ထဲရောက်နေသည်မို ကပြာကရာရုန်းလိုက်တော့ ခွန်းဆက် ဖက်ထားသည့်လက်များဟာပိုတင်းကြပ်လာပီး အိပ်ချင်မူးတူးအသံဖြင့်

ပြည့်တန်ဆာအိမ် မှ ဇာမဏိငယ် [ Completed ]Where stories live. Discover now