ပြည့်တန်ဆာအိမ်မှ ဇာမဏိငယ်
part 17 ( ဇာတ်သိမ်းပိုင်း )
"သမီးစံစံ ဘာလိုအဲ့လိုပြေးနေတာလဲ မာမီမကြိုက်ဘူးနော်"
"စံစံ ကြိုက်ကြိုက်"
ဇာမဏိ သမီးလေးကိုထမင်းစားဖို့လာခေါ်တော့ သမီးလေးက ထမင်းမစားချင်လို့ပတ်ပြေးနေသည်တဲ့လေ အဲ့လိုပြေးလို့မကြိုက်ဘူးပြောလဲမရ စံစံကြိုက်တယ်တဲ့တကယ့်အလည်မလေး
"အယ် လာပါစံစံ ရယ် မာမီ မန်မန် ခွန့်မယ်လေ မန်မန် မစားရင် ရဲရဲ ကြီးကိုက်လိမ့်မယ်နော်"
"အဟင့် ရဲရဲကြီး"
ဇာမဏိ သရဲကြီးကိုက်မယ်ပြောတော့ငိုမဲ့မဲ့လေးနဲ့
"ကြောက်ဘူးလား စံစံ လာခဲ့ မာမီ့ နား"
"ခစ် ခစ် ရဲရဲ ကြီးက စံစံ ကိုကြောက်ရယ်"
"ဟောတော် လာခဲ့ပါစံစံရယ် မာမီရိုက်တော့မှာနော်"
"ခစ် ခစ်"
ရဲရဲ ကြီးလဲ စံစံ ကဂရုမစိုက်တော့ အလည်လေးဆိုမှတကယ်အလည်လေးအခုလဲပတ်ပြေးနေတာခြံရဲ့တံခါးပေါက်ဝနားရောက်တော့မယ်
ဇဗ္ဗူမင်းစံ ဒန်းပေါ်ထိုင်နေရင်းမှ သမီး ဖြစ်သူနဲ့ ဇာမဏိငယ် ကိုကြည့်ပီးပြုံးနေမိသည်။ ဇာမဏိ သာတကယ်သေသွားရင်ဆိုပီး ထိုစိတ်ကြီးသာကျီးဆိုးနေတော့တယ် ။ တကယ်တမ်းပြန်လာခဲ့ပေးတာကျေးဇူးတင်ပါတယ် အခွင့်အရေးပေးတာလဲကျေးဇူးတင်မိပါတယ် ။
"ဒယ် ဒယ်"
"ဗျာ ဗျာ့"
"စံ မန်မန်စားချင်ဝူး"
"အမယ် ဘာလို့မစားရမှာ လူကြီးပြောအုံးလေ ထမင်းခွန့်လို့လဲမရ ပတ်ပြေးနေတာ ဇာမဏိ မောလာပီ"
ဇာမဏိ ပြောတော့လူကြီးကရယ်ကာ သမီးလေးကိုတခါပြန်ကြည့်ရင်း
"ဒယ်ဒီ နဲ့ မန်မန်တူတူစားရအောင် ပီးရင် ဦးဦး တို့ဆီသွားမယ်လေ"
"တတယ် ပေါတာလား ဒယ်ဒယ်"
"တကယ်ပေါ့ ဦးဦးတို့က သမီးလေးကိုလွမ်းလို့တဲ့"
"ရေးးး အဲ့ဆိုမန်မန်စားမယ်"
"အတက်ကလေး ငယ်ငယ်လေးနဲ့ ဟိုသွားချင်ဒီသွားချင်နဲ့"
YOU ARE READING
ပြည့်တန်ဆာအိမ် မှ ဇာမဏိငယ် [ Completed ]
Romance"ဇာမဏိငယ်" လူကြီး ရှင်ကတော့မသိပေမဲ့ အမုန်းကြီးစွာနဲ့မင်းကပြည့်တန်ဆာအိမ်က မိန်းမဘဲလို့ အမြဲတစေပြောနေပေမဲ့ ရှင်မသိရဲ့ရပ်ဝန်းလေးမှာ အရမ်းကိုသန်မာလွန်းလှပါတယ်ရှင်ရယ်....... "ဇဗ္ဗူမင်းစံ" ကျုပ်ဒေါသဟာဘယ်လောက်ထွက်ထွက် သူမလေး ရဲ့ လူကြီး ဆိုတဲ့အသံလေးကြားရင...