part 10 ( Unicode )

2.7K 39 5
                                    

ပြည့်တန်ဆာအိမ်မှဇာမဏိငယ်

ဇဗ္ဗူမင်းစံ ဇာမဏိငယ်

part 10

"ဪ နေအုံးနော် ဇာမဏိ လက်သွားဆေးလိုက်အုံးမယ်"

"အင်း "

~
~
~
~
~
~
~
~
~

ကြာပန်း သဲပွင့်လွှာ ဆိုသည့်အမျိုးသမီးနောက်ဖြေးဖြေးချင်းလိုက်လာတော့ ရုံးခန်းထဲဝင်သွားပီးအခုထိပြန်ထွက်မလာသေး 15 မိနစ်လောက်ရှိလေပီ။

သဲပွင့်လွှာ သူမ၏အလုပ်ဝတ်ကိုလဲပီး အိမ်ကပါလာသော ပါတိပ်လုံခြည်နှင့် ရင်ဖုံးအင်္ကျီအားပြန်ဝတ်ကာ tatoo ထိုးထားသည့်ဘက်ကိုသူမ၏ဆံနွယ်နဲ့ဖုံးလိုက်ရင်း နောက်တစ်ဖက်ကိုတော့နားကြားညှပ်ကာ သူမ၏ဖုန်းနဲ့ကားသော့ကိုယူပီး ရုံးခန်းထဲမှထွက်လာခဲ့လိုက်သည်

ကြာပန်း ကြာတာကြောင့်မစောင့်ချင်တော့ဘဲ ရုံးခန်းကိုဖြတ်တုန်း ရုံးခန်းထဲကသဲပွင့်လွှာ ကအထွက် တိုက်မိကြလေပီ

"ဘုတ် !!"

"အ့"

ကြာပန်း အောက်သို့မကျခင် လက်တစ်ဖက်နဲ့ခါးကိုထိန်းထားပေးသည့် အချစ်တော် သဲပွင့်လွှာ ရယ်ပါ

သဲပွင့်လွှာ ကြာပန်းငယ် ကိုပြန်လွှတ်လိုက်ပီး

"လမ်းကိုကြည့်လျှောက်လေ တို့ မဟုတ်ဘဲတခြားတစ်ယောက်ဆိုဘယ်လိုလုပ်မလဲ"

အိုဟို ချစ်စရာလေးဘဲ ဘယ်ဝတ်ဆုံဝတ်ဝတ် လိုက်ဖတ်နေတာဘဲ အခုလဲမြန်မာဆန်ဆန်လေးနဲ့လှနေပြန်ရော

သဲပွင့် ပြောတာကိုဘာတွေစဉ်းစားနေမှန်းမသိ သဲပွင့်ကိုမျက်တောင်မခတ်တန်းကြည့်နေတာကြောင့် မနေတက်ပေ

"ဟိတ် တို့ပြောတာကြားလား "

"ကြားပါတယ် ကြာပန်း ကြားပါတယ်"

"ဒါဆိုလဲနောက်တစ်ခါသတိထားပီးလမ်းလျှောက် တို့သွားပီ"

"ဟုတ်ကဲ့"

ကြာပန်း သဲပွင့်လွှာ ဆိုသောအမျိုးသမီးကိုတကယ်ပင်စွဲလမ်းနေပီ လှရက်နိုင်လွန်းသောအမျိုးသမီး ပါရှင် စုန်းအတက်များတက်လေသလား

>>>>>>>

"အဟွတ် .......အဟွတ် .....အဟွတ်"

"လူကြီး ရယ်ဖြေးဖြေးစားပါ ဇာမဏိ လုမစားပါဘူး"

ပြည့်တန်ဆာအိမ် မှ ဇာမဏိငယ် [ Completed ]Where stories live. Discover now