part 5 ( Unicode )

2.9K 47 0
                                    

🌹ပြည့်တန်ဆာအိမ်မှဇာမဏိငယ်🌹

🌹ဇဗ္ဗူမင်းစံ ဇာမဏိငယ်🌹

part 5

ဒီလူကြီးက ဇာမဏိ ရဲ့ နှုတ်ခမ်းကနေတစ်ဆင့် လည်တိုင်ကိုနမ်းရင်း

"ဒေါက် ..... ဒေါက် အစ်ကိုလေး နေ့လည်စာစားဖို့
မမလေးကိုလဲခေါ်လာခဲ့ပါတဲ့"

"အင်းလာခဲ့မယ်လို့ပြောလိုက်"

ဇာမဏိ အခုမှအသက်ရှုချောင်သွားသလို

"အဟင်း လူကြီး ရှင်တော့ငတ်ပီ "

လူကြီး ကဇာမဏိ မျက်ဝန်းကိုတည့်တည့်ကြည့်လိုက်ရင်း

"မင်းက ကိုယ်နဲ့အမြဲနေရမှာ မင်းကိုစားချင်တဲ့အချိန်စားလို့ရတယ်"

ငတ်ပီလို့ပြောမိတဲ့ကိုယ့်ကိုယ်ကိုယ်သာ
ဇာမဏိ အပြစ်တင်မိတော့သည်

"ရှင်အရင်သွားနှင့်ဇာမဏိ နောက်ကလိုက်လာမယ်*

"ဘာတွေရှက်နေပြန်တာလဲ မင်းအခုပုံစံကိုကြည့်လိုက်အုံး "

သူပြောလိုက်မှ ကမန်းကတန်း သူ့မျက်လုံးကိုလာပိတ်လိုက်တဲ့ ဇာမဏိငယ်က

"မကြည့်နဲ့ရှက်တယ် အနောက်လှည့်နေ"

ဇဗ္ဗူမင်းစံ ထပ်ပြောရင်ကြာနေမည်ဆိုး၍ ဇာမဏိငယ် အဝတ်လဲပီးတဲ့အထိ အနောက်လှည့်ကာစောင့်နေလိုက်သည်

သူမအဝတ်လည်းပီးတာနဲ့နှစ်ယောက်သား
အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်

"ဟော ဟိုးမှာ သားစံ လာပါပီ"

ဇာမဏိ စားပွဲဝိုင်းကိုကြည့်လိုက်တော့ အခုမှမိသားစုတစ်စုတည်းမြင်လိုက်ရသည်

ဇဗ္ဗူမင်းစံတို့အိမ်မရောက်ခင်ရှေ့ တစ်ပတ်က.........

"အဲ့တာဆို သူကဒေါ်မြင့်ဝေပေါ့"

"ဟုတ်တယ် ဇာမဏိ အဲ့တာဒေါ်မြင့်ဝေ ပီးတော့ သူ့ဘေးက ဦးမင်းစံ ဇာမဏိ အဖေပေါ့"

မမပန်းဆွယ်တော် က ဇာမဏိ ကိုပုံတွေနှင့်တကွပြောပြနေတာကြောင့် တစ်ယောက်ချင်းစီရဲ့နောက်ကြောင်းများကို ဇာမဏိ သေချာလိုက်နားထောင်ရသည်

"ဇဗ္ဗူမင်းစံ တို့အိမ်ရောက်ရင် အရင်တွေ့မှာက ဒေါ်မြင့်ဝေ သူကစကားပြောချိုသာတယ် မျက်နှာရွှင်တယ် ဒါပေမဲ့ ဇာမဏိ အပြင်နဲ့အတွင်းကတစ်မျိုးစီဘဲနော် အတွင်းစိတ်ကတစ်မျိုး"

ပြည့်တန်ဆာအိမ် မှ ဇာမဏိငယ် [ Completed ]Where stories live. Discover now