"မောင်ဆိုးရယ် ငါနဲ့ဒီက လွမ်းတို့က နင်ဆီအလည်လာတာပါနော် အသားမရှိနေပေါ့ "
"ကျွန်တော်အိမ်မှာ ထန်းလျက်တော့မရှိဘူး ရေနွေးကြမ်းတော့ရှိတယ် စိတ်မရှိရင်ဝင်သောက်ပေါ့ "
"အမယ် မြင်ပီလား လွမ်းရယ် အိမ်ထဲကိုဝင်ဖို့ခေါ်တာတောင် အပြတ်ပြောပြီးသား စိတ်ထဲမထားနဲ့ မမခိုင်တို့ မောင်ဆိုးက တောသားစစ်မို့ပါနော် "
"ရ ရပါတယ် ကျွန်တော်နားလည်ပါတယ် "
"သား ဆောက်ထားတဲ့ သဲအိမ်လေးကိုမနင်းပစ်နဲ့နော် "
မောင်ကံကောင်းလေးရဲ့စကားကိုကြားတော့မှ လွမ်းတစ်ယောက်မြေအောက်ကိုငုံကြည့်မိတော့ သဲလေးတွေ့ကိုစုကာ အိမ်ငယ်လေးသဖွယ်ဆောက်ကစားနေခြင်းပင် အကောင်ငယ်လေးက သူအိမ်လေးကို နင်းမိမှာစိုးသောကြောင့် လက်ကလေးတကားကားနဲ့ မမခိုင်နဲ့လွမ်းတို့ ခြံထဲဝင်တာကို ကာနေလေသည်။
"အို့ ကံကောင်းလေးရဲ့ အိမ်လေးက လွလိုက္တာ တကယ်ဆောက်တတ်တာဘဲ "
"တကယ်လားဟင့်... ခိခိ "
"တကယ်ပေါ့ ကိုကိုက အဲသလောက်လှတဲ့အိမ်လေးမျိုး ဆောက်ထားတာမတွေ့ဖူးသေးဘူး"
"တကယ္လား ဖိုးသာကပြောတယ် သားအိမ်တွေက ရုပ်ဆိုးတဲ့တတ် ဒါကြောင့်သူတို့နဲ့လာမဆော့နဲ့လို့ပြောတယ် "
"မဟုတ္တာ ကံကောင်းလေးလို အိမ်ဆောက်တော်တဲ့ကလေးမျိုး ကိုကိုမတွေးဖူးသေးဘူး တကယ်လှတာ ကိုကိုအတွက်တစ်အိမ်လောက်ဆောက်ပေးလို့ရမလား "
"အွန်း ဆောက်ပေးမယ် "
"လိမ္မာလိုက်တဲ့ ကလေးလေးဘဲ "
"အွန်း ဉီးဉီးက အမြဲပြောတယ် သားက လိမ်မာတဲ့ကလေးလေးတဲ့ "
"ဟုတ်တာပေါ့ "
"သားအခုဆောက်ပေးရမလားဟင့် "
"အခုကနေပူနေပြီး နေပူထဲ ဆော့ကစားရင် နေမကောင်းဖြစ်လိမ့်မယ် ဒီတော့ အိမ်ထဲကိုဝင်ကြစို့မနက်ဖြန် ကိုကို ထပ်လာခဲ့မယ်လေ ကိုကိုနဲ့အတူတူဆောက်ကြစို့ "
"အွန်း ဒါဆိုမနက်ဖြန် ထပ်လာရမယ်နော် "
"လာမှာပေါ့... ဟမ့်... ကံကောင်းလေးရဲ့ ဉီးဉီးခွင့်ပြရြင်ပေါ့"
YOU ARE READING
ကိုကိုမုဆိုး ကျွန်တော်ချစ်သူ (oc) (bl)
Lãng mạnown chapter ,own story, is not translator rebron ပုံစံမျိုးလေးနဲ့ လုံးဝ ဓားမပါတဲ့ အချစ်ပုံပြင်ငယ်လေးသာ ဖြစ်ပါတယ် ။ ကျေးလက်တောတောင်သဘာဝကိုအခြေခံပြီးရေးသားသွားမည်ဖြစ်ပါတယ်။ စိတ်ကူးယဥ် ficအမျိုးအစားသာဖြစ်တာကြောင့် မည်သူနစ်ဦးတစ်ယောက်ကိုမှကို မရည်ညွ...