(7)(u)

281 12 0
                                    

"မေမေ... ဝါးးး အရမ်းလှတာဘဲ "

"ကောင်ဆိုးလေး အမေကိုမြှောက်နေပြန်ပြီ "

"မမြှောက်ပါဘူးနော် မသိရင် ရုပ်ရှင်မင်းသမီးကြော်ညာရိုက်နေသလိုဘဲ ဒီခရမ်းရောင်လေးနဲ့အရမ်းလိုက်တယ် ပြီးတော့ဉီးအောင်ရော့ဘဲ ခရမ်းရောင်နဲ့လိုက်တယ် "

"သားငယ် ဉီးအောင်နဲ့သားအမေက ဒီနေ့တရာဝင်အိမ်ထောင်ဖက်အဖြစ် လက်မှတ်ထိုးကြတော့မှာဆိုတော့ သား ဉီးအောင်ကို အဖေတစ်ယောက်လို့မျိုး သဘောထားပေးနိုင်မလား... "

အေမက လွမ်းကိုမျှော်လင့်ချက်အကြည့်လေးနဲ့ကြည့်ကာ မေးနေခဲ့သည်။ ဉီးအောင်ကလဲ ဘာမှဝင်ရောက်မပြောပေ့မယ် သူ့အကြည့်တို့၌ အသိအမှတ်အပြုခံချင်သည့် ပုံပင် ထို့ကြောင့် လွမ်းက ခေါင်းကိုညိမ့်က လက်ခံလိုက်သည်။

"ဟုတ်ကဲ့ "

အမေရဲ့အပြုံးတို့က တောက်ပသွားကာ ဉီးအောင်ကလဲ အတော်ပျော်ရွှင်သွားလေသည်။

"ကျေးဇူးပါ သားငယ် "

"သားငယ် ကိုဉီးအောင် မဟုတ္ဘူး အေဖ့ ကျေးဇူးတင်ပါတယ် "

"ရပါတယ် ဖေဖေ...မေမေကိုသာပျော်အောင်ထားပေးရမယ်နော် "

"သားငယ္ကို အဖေကတိပေးပါတယ်ကွာ "

"သုံးယောက်သား အဝတ်လှဲခန်းကထွက်မလာသေးလို့ ဝင်လာကြည့်တာ အလွမ်းသယ်နေကြတာဘဲ... အဖေနဲ့အမေ မင်္ဂလာအချိန် လွန်သွားလိမ့်မယ် တရားရုံကိုသွားကြစို့ လာ ညီငယ် "

"ဟုတ်... "

ထို့နောက်မိသားစု၄ယောက် တရားရုံးသို့ သွားရောက်လက်မှတ်ထိုးပွဲကျင်းပ့ခဲ့ကြသည်။ အရင်ဘဝတုန်းက ဉီးအောင်ကိုအဖေလို့မခေါ်ဖူးသလိုအမေကို ဒီလိုပျော်ရွှင်အောင်လဲ လွမ်းမလုပ်ပေးဖူးပေ။ လွမ်း တောရွာကလာသည်နဲ့ အေမက လွမ်းကို ဉီးအောင်နဲ့ပတ်သတ်မူကိုပြောခဲ့တာကြောင့် လွမ်းကလက်ခံပေးကာ လက်ထပ်ဖို့သဘောတူပေးခဲ့တာကြောင့် လွမ်း တက္ကသိုလ် မတက်ခင် အချိန်လေးမှာ လက်ထပ်ခဲ့ကြခြင်းပင်။

လွမ်းက ၂ဘာသာပါခဲ့ပေ့မယ် ပညာရေးကောလိပ်ဝင်တာကြောင့် ပညာရေးကောလိပ်သို့လျှောက်ခဲ့သည်။အမေက တားခဲ့ပေ့မယ် လွမ်းက ပွဲရုံစီးပွားရေးတွေကိုနားမလည်တာကြောင့် မလုပ်ကိုင်ချင်ဘဲ ကိုကိုကြီးကိုသာ လုပ်ကိုင်စေရန်အမေ့ကိုနားချခဲ့ရသည်။

ကိုကိုမုဆိုး ကျွန်တော်ချစ်သူ  (oc) (bl) Where stories live. Discover now