"သားငယ် အို့ ဘယ်သွားမလို့လဲ လာပါ အမေနဲ့ တောင်ပေါ်စေတီကိုလိုက်ခဲ့ မနက်ဖြန်အမေပြန်တော့မယ်လေကွယ့် "
"အာ ဟုတ် "
အမေနဲ့သားနှစ်ယောက်တည်းတောင်ပေါ်စေတီသို့ထွက်လာခဲ့ကြသည် ညောင်ရေအိုးအသစ်လှဲကာ ဘုရားရင်ပြင်၌ စေတီတော်ကိုဖူးမော်လျက် အပင်ရိပ်တစ်နေရာ၌ထိုင်ကာ တောင်အောက်ကိလြှမ်းလှမ်းကြည့်နေသည့် သားငယ္ကို ကြည့်ကာ
"သားငယ် မောင်ဆိုးအဲသဘောတောင်သဘောကျသလား "
"မေ မေ "
"အမေသိပါတယ် သားငယ်အကိုနဲ့ပြောတဲ့နေ့က အမေနဲ့သားအဖေလဲ ကြားလိုက်တယ် သားငယ်အစ်ကိုပြောတာမဟုတ်ပါဘူး "
"အို့ "
"သားငယ်သဘောကျတဲ့ကောင်လေးကိုအမေက အကဲဖြတ်ဖို့လိုက်လာခဲ့တယ် အင်း ငါသားအကြိုက်ကလဲ မဆိုးပါဘူး အမေအနေနဲ့ သဘောမတူစရာတော့မရှိပါဘူး သားဘက်ကဖွင့်ပြောဖို့ အချိန်ကိုစောင့်နေတာ အမေသာပြန်ဖို့ ဖြစ်ရပေတော့မယ်"
"ဒါက သားတို့က ချစ်သူတွေမှမဟုတ်တာ ပြီးတော့အမေ့ဘက်က လဲ "
"သားငယ်အမေက ခေတ်မီတဲ့အမျိုးသမီးပါ သားအမေ့ကိုအထင်မသေးသင့်ဘူး ဘာလိုဘဲ ဖြစ်ဖြစ်ပါ သားငယ်သေဘာက်တဲ့သူကို အရယူသင့်တယ် အခြားလူဆီအပါမခံနဲ့ ကြားသလား"
"အဲဆို အမေကသဘောတူတယ်ပေါ့နော်.. အေဖ ကေရာ့ "
"မင်းအဖေက အမေ့ရဲ့စကားကိုလွန်ဆန်နိုင်ပါ့မလား သားငယ်သာ စိတ်ပျော်အောင်နေရမယ် နော် "
"ဟုတ် ချစ်တယ်နော် အေမ "
"အမေရော့သားကိုချစ်တယ်နော် "
ထို့နေ့ အမေအနားမှာနေကာ အမေနဲ့ဉီးအောင်တို့အချစ်ပုံပြင်လေးကိုနားထောင်ဖြစ်သည်။ ထို့နောက် အဖေ့နဲ့အမေတို့ကြားက မေတ္တာလေးဖြစ်ပေါ်လာပုံတွေကို ပြောပြခဲ့သည်။ ထိုနေ့ ကိုကိုသွင်ဆီသို့မသွားဖြစ်တော့ဘဲ အမေအနားသာအဖော်လုပ်ပေးမိနေတော့သည်။
အမေပြန်သွားပြီနောက် ကိုကိုသွင်ဆီသို့အပြေးကလေးမသွားဘဲ မနက္စာ စားသောက်ပြီးမှ သွားလိုက်သည်။ ကိုကိုသွင်က အိမ်ရှေ့ကအပင်အောက်၌ခေါင်းငုံ့ထိုင်ကာ တစ်ခုခုကိုတွေးနေဟန်ပင် ကံကောင်းလေးကတော့ ကျောင်းသို့ထွက်သွားဟန်ပင်...
YOU ARE READING
ကိုကိုမုဆိုး ကျွန်တော်ချစ်သူ (oc) (bl)
Romanceown chapter ,own story, is not translator rebron ပုံစံမျိုးလေးနဲ့ လုံးဝ ဓားမပါတဲ့ အချစ်ပုံပြင်ငယ်လေးသာ ဖြစ်ပါတယ် ။ ကျေးလက်တောတောင်သဘာဝကိုအခြေခံပြီးရေးသားသွားမည်ဖြစ်ပါတယ်။ စိတ်ကူးယဥ် ficအမျိုးအစားသာဖြစ်တာကြောင့် မည်သူနစ်ဦးတစ်ယောက်ကိုမှကို မရည်ညွ...