လွမ်း ရထားဘူတာဆိုက်တာနဲ့ မေမေကိုဖုန်းဆက်ကာ ပြောလိုက်ပြီနောက် ဂျီးဂျီးဝါ ကိုရှာဖွေရတော့သည် သို့သော် လွမ်းမြင်လိုက်သည်ကာ ဂျီးဂျီးဝါ မဟုတ်ဘဲ သူ့ရဲ့ကိုကိုသွင်ပင် ကိုကိုသွင်ကဒီနေရာကိုဘာလို့ရောက်နေတာလဲ ဘယ်သူကိုလာကြိုတာများလဲ...
"ကိုကိုသွင်... "
"အမ့် မြို့သား ဂျီးဂျီးဝါ ရယ် မြို့သားကဟောဒီမှာဗျ "
ထို့တော့မှ ဂျီးဂျီးဝါ ကို လွမ်းတွေ့တော့သည်။ ကြည့်ရတာ ကိုကိုသွင်က လွမ်းကိုလာကြိုတဲ့ပုံဘဲ ခရီးပန်းနေတာတွေ့ ဘယ်နားကိုရောက်သွားမှန်းမသိတော့သလိုခံစားရမိတော့သည်။
"သားငယ် တစ်ယောက်တည်းလာတာ ဘ်ာနှဲ့အထုတ်အပိုးတွေ များနေတုန်း တအိမ်လုံးများထမ်းလာသလားကွယ် "
"မဟုတ်ပါဘူးဗျ ကျွန်တော်လက်ဆောင်တွေယူလာတာပါ "
"ကိုင်ကိုင် မြို့သားလှည်းပေါ်တက်တော့ ကျူပ် အထုတ်အပိုးတွေ့ ထမ်းလာခဲ့မယ် "
"လာလာသားငယ္လာ မောင်ဆိုးက အားရှိတယ် လာလာ သားငယ်ခရီးပန်းလာပြီမလား အနားယူတော့ "
ဂျီးဂျီးဝါ က အတင်းဆွဲခေါ်သွားတာကြောင့် လှည်ပေါ်၌ထိုင်ကာ အထုတ်တွေဆွဲကာလျှောက်လာသည့် ကိုကိုသွင်ကိုကြည့်နေလိုက်သည်။ ခဏလောက်နေတော့ကိုကိုသွင်အနားသို့ကောင်မလေးတစ်ယောက်က ကပ်လာပြီးတစ်ခုခုကိုမေးနေဟန်ပင် ထို့နောက် ကိုကိုသွင်က ထိုကောင်မလေးကို ဂျီးဂျီးဝါ ဆီခေါ်လာခဲ့လိုက်တယ်
"ဂျီးဂျီးဝါ သူက ကန္မူ ရွာကတတ် လှည်းလမ်းကြုံစီးခို့ရမလားမေးနေလို့ "
"အို့ ကလေးမလေးတစ်ယောက်တည်းလား "
"ဟုတ်ကဲ့ အစကအဘတို့ လာခေါ်မလို့ ဒါပေ့မယ် နွားလွှတ်သွားလို့ မရောက်လာသေးဘူး အထုတ်အပိုးတွေ့လဲ သိပ္မမ်ားပါဘူး ဒေါ်ဒေါ် "
"အေးအေး လာခဲ့ လမ်းကြုံတာဘဲကို "
ထို့နောက်ထိုကောင်မလေးက လှည်းအရှေ့ပိုင်သို့တက်ကာထိုင်လေသည်။ လှည်းမောင်းသည့် ကိုကိုသွင်းနဲ့က နီးတာကြောင့် ကောင်မလေးက ကိုကိုသွင်ကို တရင်းတနှီးဖြင့် အမေးအဖြေလုပ်နေလေသည်။ သူရှေ့တည့်တည့်က စနိုက်ကျော်ခံရသလိုခံစားမိတာကြောင့် ထိုနှစ်ယောက်ကိုမလွှတ်တမ်းစိုက်ကြည့်မိတော့သည်။ ထိုကောင်မလေးရဲ့ရွာက ရထားဘူတာနဲ့သိပ်မဝေးတာကြောင့် မကြာခင်မှာ ရွာဝင်သို့ရောက်လေတော့သည်။
YOU ARE READING
ကိုကိုမုဆိုး ကျွန်တော်ချစ်သူ (oc) (bl)
Romanceown chapter ,own story, is not translator rebron ပုံစံမျိုးလေးနဲ့ လုံးဝ ဓားမပါတဲ့ အချစ်ပုံပြင်ငယ်လေးသာ ဖြစ်ပါတယ် ။ ကျေးလက်တောတောင်သဘာဝကိုအခြေခံပြီးရေးသားသွားမည်ဖြစ်ပါတယ်။ စိတ်ကူးယဥ် ficအမျိုးအစားသာဖြစ်တာကြောင့် မည်သူနစ်ဦးတစ်ယောက်ကိုမှကို မရည်ညွ...