Extra 3(z)

80 2 0
                                    

"ဆရာလေးရယ် ဗျို့ ဆရာလေး... သူဌေးကြီးရယ် "

"ဘယ်သူတုန်း... "

"ကျုပ်ပါ "

"အို့ သူကြီးကို ဘယ်အရေးလဲ လွမ်းက အိပ်နေပြီရယ် "

"အေးကွာ ညဘက်ကြီးလာရတာလဲ အားနာပါတယ္ကြာ ဒီက သုံးဘက်ရွာက ကျုပ်ဆွေးမကင်းမျိုးမကင်းက မင်းတို့ပွဲရုံကို ပစ္စည်းလာပို့တာကွယ့် အိမ်မှာကလဲ သူ့မိန်းမက ကိုယ်ဝန်ကြီးကနေ့စေ့ရက်စေ့နဲ့ဆိုတော့ဒီမှာတည မအိပ်တော့ဘဲ အခု ပစ္စည်းသွင်းပြီးပြန်တော့မလို့တဲ့ "

"ရပါတယ် ပစ္စည်းတွေကို ပွဲရုံဆီ ယူလာခိုင်းလိုက်ပါ ကျုပ်ကြည့်ပေးမယ် "

"ကျေးဇူးပါကွာ ဟေ့ ဟေ့ မောင်သန်း သြားသြား မင်းပစ္စည်းတွေကို ပွဲရုံကိုယူသွားလိုက် "

မောင်ဆိုးသွင် ကလဲ သူရဲ့လက်ထောက်ကို ကူပြီးပြောင်းပေးခိုင်းလိုက်ပြီး အိမ်ပေါ်ကိုတချက်လောက် ကြည့်လိုက်ရသေးတယ်

လွမ်းငယ်ကတော့ ကံကောင်းလေး ၁၆နှစ်ပြည့်သည့်အထိအောင်ကျောင်းဆရာ လုပ်ရသည့်အလုပ်ကိုကြိုက်တုန်းပင် မောင်ဆိုးသွင်ကလည်းနေ့ဘက်၌ ပွဲရုံအလုပ်ကိုလုပ်ကိုင်ကာ ညဘက်တွင် လွမ်းငယ်ကိုစားသောက်ကာပြုစုရသည့်အလုပ်ကိုလုပ်ကိုင်လျက်ပင်... အခုလဲ လွမ်းငယ်က အင်အားတွေကုန်ခမ်းကာ အိပ်စက်နေတာမို့ ဘယ်သူခေါ်ခေါ်နိုးလာမည်ပုံမပေါ်တာကြောင့် တံခါးကိုအေသအခ်ာကိုပိတ္ကာ.ပွဲရုံဘက်သို့ထွက်လာခဲ့ရသည်။ ၁၀တန်းဖြေပြီး ရွာပြန်ရောက်နေသည့် သည်ငနှဲသား ကံကောင်းလေးကာ အိမ်ကိုပင်မကပ်ဘဲ မနက္ကေန ညနက်သည့်အထိ ရွာရိုးကိုးပေါက်သွားနေတတ်သည်။

"ကံကောင်းလေးမရောက်သေးဘူးလား "

"မရောက်သေးဘူးဗျို့ ဘယ်ဆီဘယ်ဝေကိုများရောက်နေလဲမသိပေါင် "

"ဟားဟား မင်းတို့တူကတော့ ငါတို့ရွာရဲ့နှင်းဆီခိုင်ကြီး ပါဘဲ ကျုပ်တို့မင်းတို့ဆီလာတုန်းကတော့ ဟို မိမိုးတို့အိမ်မှာ မုန့်လုပ်စားကြတယ်ဆိုလာဘဲ "

"နေပါစေ ဟမ့် သူလဲအရွယ်ရောက်ပြီကို... "

"အင်း ကလေးတွေကလဲတဖြည်းဖြည်းအရွယ်ရောက်လာကြပြီကို ဟမ့်... ဒါနဲ့ အရင်သူကြီးဟောင်းရဲ့သမီး ရွာကိုဟိုတလောကအလည်ရောက်လာတယ်လို့ကြားတယ် မင်းရော့သိလိုက်သေးလား "

ကိုကိုမုဆိုး ကျွန်တော်ချစ်သူ  (oc) (bl) Where stories live. Discover now