(1)

701 22 0
                                    

U....

"သားငယ်...သားငယ် ထတော့လေကွယ်... ဒီနေ့က ဆယ်တန်းအောင်စရင်း ထွက်မှာမလား"

"အွတ်...ခဏ​ေလး...ခ...ခဏေလးပါ..."

"သားငယ်... အို့ကွယ် ချွေးတွေ့စိုချွဲနေတာဘဲ... အေးယားကွန်း ဖွင့်ထားရင့်သားနဲ့ ... ဘယ်နှဲ့ ဒီလောက်ချွေးတွေ့ထွက်နေတာတုန်း"

"အ​ေမလား....အမေ....ဟင့် အမေ...သား...သားမှားပါတယ်... ဟင့် ... သားနောင်တရနေပါပြီ... သားကိုခွင့်လွှတ်ပါ... "

"အို့... သားရယ် အိမ်မက်ဆိုးတွေ့ မက်နေတာလား... အမေကိုကြည့်ပါအုန်း... လာ မျက်လုံးလေးဖွင့်ကြည့်ပါအုန်းကွယ်... အောင်စရင်းထွက်မှာမို့ စိုးရိမ်နေတာနဲ့တူတယ်... သားရယ်.. အို့... မငိုနဲ့တော့... သားအောင်ရင်အမေပျော်သလိုမျိုး... မပြောကောင်းမဆိုကောင်းသားကျရင်လည်း အမေ မဆူပါဘူး.. သားကိုပိုကောင်းတဲ့ကျောင်းရှာပြီးတော့ ကျောင်းထားပေးမှာပေါ့ နော် ကဲ ထပြီးတော့ နွားနို့လေး သောက်လိုက်ပါအုန်း... သားအောင်စရင်းသွားမကြည့်ချင်ရင် သားသူငယ်ချင်း ပိုင်လေးကို သားအတွက်ကြည့်ခဲ့ဖို့ အမေပြောလိုက်ပါ့မယ်... နော် "

"မေမေ သား...မေမေဘဲ... သားအိမ်မက်မက်နေတာမဟုတ်ဘူးပေါ့... အမေ"

သူမျက်လုံးမမှိတ်ခင် တကိုယ်လုံးကနာကျင်နေပြီးတော့ အအေးဓာတ်များကများလွန်းလို့ တကိုယ်လုံးကျင်ပြီးတော့ အသက်ရူမဝအောင် ရင်ဘက်တွေ့ကတင်းကြပ်နေခဲ့တယ်.. သူ့မျက်လုံးတွေ့မှိတ်ပြီးနောက် နွေးထွေးတဲ့အိပ်ယာပေါ်သို့ရောက်သွားသလိုမျိုး အနွေးဓာတ်တွေ့စိမ့်ဝင်လာပြီးတော့ အမေဖြစ်သူရဲ့ချိုမြိုင်သည့် အသံငယ်လေးနဲ့ သူအနိူးခံလိုက်ရတယ်....

ဒါတွေ့က အိမ်မက်ဆိုတာသူသိပါတယ် သူ့အမေက သူမျက်စိရှေ့မှာဘဲ ကားတိုက်ပြီးပွဲချင်းပြီးဆုံးသွားခဲ့တာလေ နွေးထွေးမူနဲ့အမေအသံလေးက သူထပ်မရနိုင်တော့တဲ့အရာတွေ့ပါ... ဘာကြောင့်များ ဘာကြောင့်များ..

လွမ်းသန္ဒာအောင် သူအမေ့ချော့မောသံကြောင့်ကြောက်လန့်စွာ မျက်လုံးဖွင့်ကြည့်ခဲ့လိုက်တော့ သူကတကယ်အိပ်ယာပေါ်ရောက်နေပြီးတော့ သူ့အမေကိုတကယ် ထပ်တွေ့နေရတယ်... သူ ခန္ဓာကိုယ်ကို ခပ်နာနာဆွဲညှစ်လိုက်တော့ နာကျင်မူကိုခံစားလိုက်ရတယ်...

ကိုကိုမုဆိုး ကျွန်တော်ချစ်သူ  (oc) (bl) Where stories live. Discover now