(6)(u)

314 14 0
                                    

"ဗျို့ မြို့သား ဗျို့မြို့သား "

"ဟေ့ ဟေ့ ဘယ်နှယ့် မနက်အစောကြီး အိမ်ရှေ့လာအော်နေတာတုန်း သားငယ်အိပ်နေတုန်း "

"ဘယ်သိမတုန်း ဒီအချိန်ဆို ရွာကလူတွေအကုန်ထကြပြီးကို "

"ဟေ့ သားငယ္က မြို့သားလေ မြို့မှာက အိပ်ယာထ နောက်ကျကြတယ် ကဲ ကဲ ဘယ်ကိစ္စရှိလို့လဲ "

"ရော့ ယုန်လာပေးတာ "

"သားငယ်မှာထားတာလား...  ပေးပေး ဘယ်လောက်တုန်း "

"မလိုဘူးဗ် အလကားပေးတာ ကျုပ်ပြန်ပြီး "

"အေးအေး "

ဂျီးဂျီးဝါက ယုန်ကိုကိုင်ကာ အိမ်ထဲကိုပြန်ဝင်သွားတာနဲ့ လွမ်းအိပ်ယာက ထကာ ကိုကိုသွင်ကိုလှမ်းကျေးဇူးတင်လိုက်သည်။

"ကိုကိုသွင် ကျေးဇူးနော် "

တကယ်တော့ လွမ်းက ဂျီးဂျီးဝါနဲ့ကိုကိုသွင် စကားပြောနေတုန်း နိုးလာတာပင် ကိုကိုသွင်အသံကြားလို့ အိပ်ယာကထပြီးလှမ်းနူတ်ဆက်ချင်ပေ့မယ် ဂျီးဂျီးဝါ တမျိုး မြင်မှာစိုးတာကြောင့် ပြတင်ပေါက်၌ ပုန်းကာ ကိုကိုသွင်းကိုခိုးကြည့်နေမိသည်။ ဂျီးဂျီးဝါနဲ့ စကားပြောနေတုန်း စိတ်မရှည်သည့်အမူအရာလေးနဲ့ မျက်ခုံးလေးကုတ်ထားသည့်ပုံစံလေးက လွမ်းကိုပိုအသည်းယားစေသည်။ လွမ်းရဲ့လက်ရှိကိုယ်ကဆယ်ကျော်သက်ဖြစ်ပေ့မယ် ဝိဉာဏ်ကတော့အသက် ၂၀ကျော်ရှိပြီပင် သို့သော် ထိုလူကြောင့် ၁၀ကျော်သင်လိုမျိုး ရင်ခုန်မိသည်တတ်လား ဂျီးဂျီးဝါက အိမ်ထဲကိုဝင်သည်နဲ့ ပြတင်ပေါက်ကနေ ကိုကိုသွင်ကိုလှမ်းနူတ်ဆက်လိုက်သည်။

အိမ်ကနှစ်ထပ်မို့ ငအပေါ်ထပ်ကနေ လွမ်းလှမ်းနူတ်ဆက်တာမို့ ကိုကိုသွင်က သူကိုမော်ကြည့်လျက် ခေါင်းကိုညိမ့်ပြခဲ့သသည်။ထို့နောက်

"မင်း ကျုပ်အိမ်ကိုလာမယ်မလား "

"လာ မွာပါ ထမင်းစားပြီးရင် လာခဲ့မယ်လေ "

"ဒီနေ့ တောကြက်မိလာတယ် မြို့သားစိတ်မရှိရင် ကျုပ်အိမ်လာစားလို့ရတယ် "

"တကယ္လား... ကျွန်တော်က အသားအများကြီးစားတယ်နော် ရလား "

"မြို့သားကြိုက်သလောက်စားလို့ရပါတယ် "

ကိုကိုမုဆိုး ကျွန်တော်ချစ်သူ  (oc) (bl) Where stories live. Discover now