ကောင်းပိုင်မိုး အဝေးကနေ သုပ်သုပ်နဲ့ အောင်းစရင်ကပ်ထားတဲ့ နေရာကိုပြေးလာသည့် လွမ်းကိုမြင်တာနဲ့ ဓာတ်မီးလေးကိုအပေါ်မြောက် ကိုင်ကာ လွမ်းကိုလက်ပြနူတ်ဆက်လေသည်။
"လွမ်း... ဟေ့ကောင်... လွမ်း ငါဒီဘက်မှာ"
"ငပိုင် အေး လာပြီ ဘယ်နှဲ့လဲ မင်းကြည့်ပြီးပြီလား"
ကောင်းပိုင်မိုး က လွမ်းကိုသူအနားကိုဆွဲကာ သေးငယ်လွန်းတဲ့ခန္ဓာကိုယ်လေးကို ဖက်ကာ လူပ်ရမ်းလိုက်လေသည်။
"တော်လိုက်တာ ငလွမ်းယာ ငါဖြင့် မယုံနိုင်သေးဘူး စာမေးပွဲ ဖြေရမယ့်နေ့မှာတောင်စာမကျက်ဘဲ အဆောင်သူလေးတွေ့ကို လိုက်ငမ်းပြီး ဂီတာလိုက်တီနေတဲ့မင်းက ၂ဘာသာတောင်ပါတယ်ကွ.... ဟားဟား.... "
"တ...တကယ်လား "
လွမ်းအသံတွေ့တုန်လူပ်နေတာကိုကြားတော့ ကောင်းပိုင်မိုးက လွမ်း က၂ဘာသာပါတာကို အံ့သြသွားတယ်အထင်နဲ့ အဟီဟီရယ်ကာ လွမ်းမယုံမှာစိုးသည်အလာ လွမ်းကိုအတင်းဆွဲခေါ်ကာ လူထုကိုဖောက်လျက်
အောင်စရင်းကဒ်တဲ့နေရာက လွမ်းနာမည်ကိုလက်ညိုးထိုးပြလျက် လွမ်းနောက်ကျောကို တဖြန်းဖြန်း ရိုက်ကာ အားကျစွာ စကားတီတီတာတာဆိုနေလေသည်။အံ့သြသွားတာထက် ဝမ်းသာအားရဖြစ်သွားတာဆို လွမ်းအတွက်ကပိုမှန်လိမ့်မယ်...
လွမ်း အမှန်တကယ် ပြန်မွေးဖွားလာခဲ့တာဘဲ လွမ်း ဝမ်းသာစွာနဲ့ ကောင်းပိုင်မိုး တို့အိမ်ကိုလိုက်ဖို့ပြောထားတာကို အားနားစွာနဲ့ ငြင်းကာ အိမ်သို့ပြန်ကာ အမေ့ ကို ဝမ်းသာစရာစကားပြောဖို့ သွားခဲ့တော့သည်။
လွမ်း tixicငှားပြီး အိမ်ကိုပြန်ခဲ့တော့ အိမ်ရှေ့မှာ ကားအကောင်းစားတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။
"ဘယ်သူလာပါလိမ့်... "
အအေက ပွဲရုံအလုပ်တွေ့လုပ်နေရတာမို့ အမြဲလိုလို လူမျိုးစုံက လွမ်းတို့အိမ်ကိုအမြဲ လာတတ်ကြသည်။ ဆန်းဈေး ပဲဈေးမေးရင်းနဲ့ ပေါ့...
"မေမေ... ဧည့်သည်ရောက်နေတာလား "
"အို့ သားငယ်... ပြန်လာပြီကို... လာလာ... ကိုအောင် သားငယ်လေး လွမ်းသန္ဒာအောင် လေ သားငယ် ကိုအောင်က မေ့မေ့ရဲ့ သူငယ်ချင်း ဉီးအောင်မင်းလွင် တဲ့ ဟိုဘကက်ေတာ့ ကိုအောင်ရဲ့သား အောင်ထက်ပိုင် တဲ့"
YOU ARE READING
ကိုကိုမုဆိုး ကျွန်တော်ချစ်သူ (oc) (bl)
Romanceown chapter ,own story, is not translator rebron ပုံစံမျိုးလေးနဲ့ လုံးဝ ဓားမပါတဲ့ အချစ်ပုံပြင်ငယ်လေးသာ ဖြစ်ပါတယ် ။ ကျေးလက်တောတောင်သဘာဝကိုအခြေခံပြီးရေးသားသွားမည်ဖြစ်ပါတယ်။ စိတ်ကူးယဥ် ficအမျိုးအစားသာဖြစ်တာကြောင့် မည်သူနစ်ဦးတစ်ယောက်ကိုမှကို မရည်ညွ...