unicode
"မမခိုင် ဟို ဟို့နေ့က ယုန်လေးအတွက်အိမ်ဆောက်ပေးတဲ့ ကိုကိုသွင် အိမ်ကိုသိလားဟင့်"
"အင်း သိတယ်လေ သူအိမ်ကို အသားဝယ်ဖို့အမြဲသွားရတာကို လွမ်းလွမ်းလေးက ဘာလုပ်ဖို့လဲ "
"အို့ လွမ်းကရွာကနေရာစုံကိုသွားရင် သိတဲ့သူတွေ့ကိုဝင်နူတ်ဆက်ချင်လို့ပါ "
"အို့... ဒါဆို ဘုရားကပြန်ရင် မောင်ဆိုးအိမ်ဝင်ကြတာပေါ့ ဘယ်အသားတွေ့များ ရှိမလဲ ကြည့်ခဲ့ရမယ် "
လွမ်းက အရင်ဘဝတုန်းကရော့ အခုဘဝမှာပင် သည်ရွာကို အရင်ကမလာဖူးတာကြောင့် သည်ရွာကိုရောက်သည်နဲ့ ဂျီးဂျီးဝါရဲ့တူငယ်မြို့သားလေးဆိုတဲ့ဂုဏ်နဲ့ ရွာသားတွေ့ကတစ်နေ့တစ်အိမ်ထမင်းဖိတ်ကျွေးလိုက် လူပျိုကြီးအုပ်စုက ထန်းရည်အချိုအတူတူသောက်ဖို့လာခေါ်လိုက်ဖြင့် လွမ်းတစ်ယောက်လက်မအားပေ။
သို့သော်လွမ်းက ထန်းရည်မကြိုက်တာကြောင့်ရယ် အသက်မပြည့်သေးတာကြောင့် ဂျီးဂျီးဝါကမလွှတ်တာကြောင့်ရယ်ကြောင့် လူပျိုကြီးအုပ်စုနဲ့ မသွားဖြစ်ဘဲ ဂျီးဂျီးဝါတို့အိမ်မှာခေါ်ယူမွေးစားထားတဲ့ မမခိုင်နဲ့ဘဲ ရွာရိုကိုးပေါက်လျှောက်သွားလိုက် ဘုရားတက်ကျောင်းသွားလိုက်ဖြင့် အချိန်၁ပတ်လောက်ကြာသွားတယ် ဟို မုဆိုးကြီးကိုဖြင့် ထိုနေ့ကစလုံးဝထပ်မတွေ့ရတာကြောင့် လွမ်းမှာ မမခိုင်ကိုမသိမသာမေးကာ အပူကပ်ရတော့သည်။
"မမခိုင် အဲကိုကိုသွင်က အမြဲအမဲလိုက်နေတာလား "
"အေး မနက်အစောကြီးအမဲလိုက်ထွက်တယ် ညနေ့၄နာရီ၅နာရီလောက်မှအိမ်ပြန်လာတယ် တခါတေလေတာ့ အိမ်မှာတော့နေတဲ့ပုံဘဲ သူ့တူလေးက ၅နှစ်သားပြည့်တော့မယ်ဆိုတော့ သူက ကလေးကိုကျောင်းထားချင်လို့ အလုပ်ကြိုးစားနေတာနေမှာပေါ့ "
"အို့ မမခိုင်က အရမ်းသိတာဘဲနော့"
တောင်ပေါ်က စေတီကိုဖူးမော်ပြီး အဆင်းမောတာကြောင့် လှေကားဘောင်ဘေးခဏထိုင်ကာ ကိုကိုသွင်းအကြောင်းကို မေးမြန်နေခြင်းပင်။ မမခိုင်က သူမ ကို လွမ်းမြှောက်ပင့်ပြောဆိုမူကြောင့်ပျော်သွားဟန်ဖြင့်
YOU ARE READING
ကိုကိုမုဆိုး ကျွန်တော်ချစ်သူ (oc) (bl)
Romanceown chapter ,own story, is not translator rebron ပုံစံမျိုးလေးနဲ့ လုံးဝ ဓားမပါတဲ့ အချစ်ပုံပြင်ငယ်လေးသာ ဖြစ်ပါတယ် ။ ကျေးလက်တောတောင်သဘာဝကိုအခြေခံပြီးရေးသားသွားမည်ဖြစ်ပါတယ်။ စိတ်ကူးယဥ် ficအမျိုးအစားသာဖြစ်တာကြောင့် မည်သူနစ်ဦးတစ်ယောက်ကိုမှကို မရည်ညွ...