U...."ဒေါ်ဝါ... ဗျို့ ဒေါ်ဝါ... "
"အေး အေး လာပါပြီတော့ ဘယ်နှဲ့ တစ်ခါခေါ်လဲ ကြားပါတယ်ဟေး ဒီမှာငါ့တူလေးဖို့ အိပ်ယာကူ ခင်း ပေးနေလို့ပါအေ့ "
"အသားက လပ်ဆပ်တုန်း ချက်ပြုတ်မှစားကောင်းတာ "
"အေးပါ.. ငါနင်စေတနာကို နားလည်ပါတယ်ဟေး... အေး ဒီတစ်ခါအသားက အဆီနည်းသာ ငါ့တူအကြိုက် ဝက်သားဆီပြန်လေးချက်စားရမယ် "
" မြို့သားက ဝက်သားဆီပြန်ကြိုက်တာလား "
"အေး ငါမြို့ကိုသွားရင် ကြပ်တင်ထားတဲ့ ဝက်သားတွေယူသွားနေကျလေ ညည့်ဆီကနေအမြဲဝယ်ထားတာလေ "
"အင်း... ဒါဆို ကျုပ်ပြန်တော့မယ် "
"အေးအေး "
"ခဏေလး... ဟိုလူ... ဗျို့ မုဆိုးကြီး "
လွမ်းက ဂျီးဂျီးဝါတို့အိမ်ကိုရောက်တာနဲ့ ယုန်လေးကို ရင်ဝယ်ပိုက်ကာ အိမ်အရိပ်တနေရာမှာထိုင်ကာ အရင်ဘဝက အကြောင်းတွေ နောက် ဘာလိုကြိုတင်ကာကွယ်ရမလဲဆိုတဲ့အကြောင်းတွေ့ကို ထိုင်တွေးနေတာပင်...
ဂျီးဂျီးဝါက လွမ်းကို ရေချိုးပြီး တရေးအိပ်ဖို့ပြောပေ့မယ် လွမ်းတော့ သဘာဝအလှတွေ ကြည့်ရင်း မျက်လုံးမမှိတ်ချင်သေးတာကြောင့် ထိုင်နေခဲ့သည်။
မုဆိုးကြီး ရောက်လာသည်ပြီး ဂျီးဂျီးဝါနဲ့ စကားပြောသံကြားတော့ အိမ်နောက်ဘက်မှာထိုင်နေတာကနေ ထွက်လာပြီးတော့ လှမ်းနူတ်ဆက်ရန်ခေါ်လိုက်ပေသည်။
လှည့်ထွက်ပြီး ပြန်ရန်ပြင်နေသည့်ထိုလူက လွမ်းရဲ့အသံကြောင့် လွမ်းဘက်ကိုလှည့်ကြည့်လာခဲ့သည်။
အသားညိုညိုဒေါင်ဖြောင့် သိပ်မမြင်ရတဲ့ မုတ်ဆိတ်ပေါက်ငယ် တရီရီနဲ့ အပေါ်သို့ ဇင်ယော်ငှက်လိုအပေါ်သို့ကော့ပျံနေတဲ့သဏ္႑ာန် မျက်ခုံးနက်နက် နှာတံဖြောင့်ဖြောင့်နဲ့ ညိုအားပြင်းလွန်းသည့် မျက်ဝန်းအစုံက လွမ်း စွံ့အသွားခဲ့ရပြန်သည်။
"ဘာလဲ... "
"အဲ...အဲတာက... "
"ဟေ့ မောင်ဆိုး ငါ့တူကို သိပ်မအော်ပါနဲ့ သားငယ်ကြောက်သွားသေးလား "
YOU ARE READING
ကိုကိုမုဆိုး ကျွန်တော်ချစ်သူ (oc) (bl)
Romanceown chapter ,own story, is not translator rebron ပုံစံမျိုးလေးနဲ့ လုံးဝ ဓားမပါတဲ့ အချစ်ပုံပြင်ငယ်လေးသာ ဖြစ်ပါတယ် ။ ကျေးလက်တောတောင်သဘာဝကိုအခြေခံပြီးရေးသားသွားမည်ဖြစ်ပါတယ်။ စိတ်ကူးယဥ် ficအမျိုးအစားသာဖြစ်တာကြောင့် မည်သူနစ်ဦးတစ်ယောက်ကိုမှကို မရည်ညွ...