(11)(u)

275 11 0
                                    

နေ့သာတဲ့နေ့၌ လေညှင်းတဖြူးဖြူးနဲ့ ရထားလေးဖြတ်ခုတ်မောင်းသည်အချိန်ကြောင့် ရထားပေါ်ကနေထိုင်ရတဲ့လူတွေ့က နေသူထိုင်သာဖြစ်နေကြတော့သည် မမခိုင် ဂျီးဂျီးဝါ တို့ကား မေမေကို ဖြတ်သွားသည့်ရွာတွေ မြို့တွေကိုပြောပြရင်း စကားဝိုင်ကျနေကြပေ့မယ် လွမ်းကတော့ မုဆိုးကြီးကို လွမ်းလှပြီမို့ အတော်လေး အလျင်လိုနေပြန်တယ် လွမ်းကအလျင်လိုနေပေ့မယ် ရထားကြီးကတော့သူရဲ့မရိူန်အတိုင်း ဖြတ်မောင်းပြီးသွားတုန်းပင်

အမေကိုထိုကိုမြင်ကာ

"မမဝါရယ်ဇာတို့ကို ရွာကဘယ်သူလာကြိုမှာတုန်း "

"အို့ လှည်းမောင်းဆရာကြီး လာကြိုလိမ့်မယ် သည်လူကလဲ သိပ်တော့အားကိုးရတာမျိုးမဟုတ်ဘူး မိမြိုင်တို့ကျန်ခဲ့သာဘဲ လှည်းမောင်းဆရာကြီးကိုထော်မရရင် ရွာက ကာလသားတွေကို ဖမ်းခေါ်ခိုင်းလို့ရပါ့တော့ ဇာဇာ ဘာမှမပူနဲ့ဟုတ်ပါလား "

"ဟုတ်ကဲ့ပါ မမဝါ "

ဒေါ်ဇာတစ်ယောက်မျက်နှာငယ်လေးနဲ့ ဖြစ်သွားသည့်သားငယ်ကိုကြည့်ကာ ရယ်မိပြန်တော့သည်။ သည်ကောင်လေး သူမငယ္ငယ္ကလို အတော်လေး အချစ်ကြီးတဲ့ ကောင်ငယ်လေးပင်... မိခိုင်နဲ့ မမဝါပြောတာတော့ သည်မုဆိုးက ပညာမတတ်ပေ့မယ် အကျင့် စိတ်ထားကတော့ကောင်းတယ် လိုပြောကြတယ် အို့ သူမ မျက်စိနဲ့ကြည့်ပြီးမှ ဆုံးဖြတ်နိုင်ပေ့မယ်လိမ့်မယ်

ဒီတစ်ခါတော့ လှည်းမောင်းသည့် ဉီးလေးကြီးသာရောက်လာခဲ့သည်။ လက်ဆောင်ထုတ်တွေ့ကို လှည်းပေါ်တင်ရင် ရွာဘက်ကို အမြန်ရောက်စေလိုကြောင်း မျှော်မျှော်ကြည့်ရသည်မှာ လည်ပင်းပင်ရှည်ထွက်ရချေတော့မည်လေ

နောက်ဆုံးတော့ တောရွာလေးကိုမြင်ရချေပြီး ရွာလယ်ခေါင်၌ ကံကောင်လေးက ကလေးငယ်လေးတွေနဲ့ ဆော့ကစားလျက်ရှိနေတာကိုတွေ့တော့ လွမ်းက ဝမ်းသာအားရနဲ့ လှမ်းခေါ်လိုက်သည်။

"ကံကောင်းလေး ကံကောင်းလေးရယ်... "

"ကိုကိုလွမ်း,.... ကိုကိုလွမ်းပြန်လာပြီလား "

"ဟုတ်ပါ့ လာပါအုန်း လှည်းပေါ်တက် ခဲ့ ကိုကိုလွမ်းတို့အိမ်ကိုသွားကြစို့ လက်ဆောင်တွေ မုန့်တွေဝယ်လာတယ် "

ကိုကိုမုဆိုး ကျွန်တော်ချစ်သူ  (oc) (bl) Where stories live. Discover now