အပိုင်း ၂၅ ။ Ragnarök*

63 9 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူအပိုင်း ၂၅ ။ Ragnarök*


ကောရှို့ သူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်သည်။

ခေါင်းကိုငုံ့ကာ သူ့ရဲ့လက်တွေကိုသေချာကြည့်နေမိသည်။ အရိုးတွေကဖြူဖွေး သန့်ရှင်းနေပြီး သူ့နေရာအတိုင်းအစီစဉ်တကျဖြစ်နေပေပြီ။ သူ့ရဲ့လက်ချောင်းထိပ်ဖျားတွေမှတစ်ဆင့် လက်ဖဝါးအထိ အနီရောင်မြူခိုးမှုန်မှုန်လေးတွေနဲ့ဖုံးလွှမ်းခြင်းကိုခံထားရပြီး အဲ့တာက လရောင်လား သွေးတွေလားဆိုသည်ကို ဝေခွဲရခက်နေသည်အထိ။

နှလုံးခုန်နေတာကို ဗလာအတိုင်းအရိုးတွေနှင့် ထိမိနေသည့်ခံစားချက်ကလည်း သူ့လက်ချောင်းထိပ်တွေမှာ တင်ကျန်ရစ်နေဆဲပင်။

သူကသူ့ရဲ့လက်ချောင်းတွေကိုနေရာကြားလွတ်တွေမကျန်အောင်ဆွဲစိလိုက်သည်။ ပျက်စီးနေတဲ့နာ့ဗ်ကြောတွေကို သူ့အရေပြားတွေရဲ့အောက်မှာ ပြန်လည်ပြင်ဆင်နေတာမလို့ ထူးခြားတဲ့နာကျင်မှုကိုခံစားရနေရပေမယ့်လည်း သွေးကြောတစ်လျှောက်တစ်ရှိန်ထိုး စီးဆင်းလာတဲ့စွမ်းအားတွေက သူ့ခြေလက်တွေထိပျံ့နှံ့သွားပြီးရလာတဲ့ ပျော်ရွှင်မှုနဲ့ယှဉ်ရင်သိပ်အရေးမပါတော့ပေ။

သူ့ခန္ဓာကိုယ်ရဲ့နောက်ဆုံးအခြေနေကို ပြောပြရရင် အရမ်းအားနည်းနေခဲ့သည်ပင် ။ ပျက်စီးတိုက်စားနေတဲ့စွန့်ပစ်ကြယ်ပေါ်က အဆိပ်ရှိတဲ့ရေ၊ လေတွေက ငယ်ရွယ်သည့်ခန္ဓာကိုယ်ကို အာဟာရချို့တဲ့စေပြီး နာတာရှည်ရောဂါကိုဖြစ်စေခဲ့သည်။ သူ့ခန္ဓာကိုယ်က အသက်ရှုမထုတ်နိုင်အောင်ထိကို အရမ်းအားနည်းနေပြီး အရင်အတိုင်းပြန်လှုပ်ရှားနိုင်ဖို့ နေ့တိုင်းအချိန်အများကြီးပေးပြီး ပြန်လေ့ကျင့်ခဲ့ရသည်။ အတွင်းအင်္ဂါတွေမထိခိုက်သွားခဲ့ရင်တောင်မှ ထိုခန္ဓာကိုယ်ကအရင်နဲ့မတူတော့ပဲ သက်တမ်းကလဲဘယ်လောက်မှကျန်မှာမဟုတ်ပေ။

ကောရှို့ အသက်ပြင်းပြင်းတချက်ကိုရှူသွင်းလိုက်သည်။ ခြောက်သွေ့တဲ့လေအေးထဲကရလာတဲ့ သံချေးအနံ့ပြင်းပြင်းက သူ့လည်ပင်းကိုဓားတစ်ချောင်းနဲ့ထိုးခွဲပြီး ရင်ဘတ်ထဲကိုလောင်းချခံနေရသလိုပင်။ ဒါပေမယ့်လဲဒီနာကျင်မှုကနေ သူထူးခြားတဲ့သာယာမှုကိုခံစားနေရသည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now