အပိုင်း ၂၉ ။ Ragnarök*

40 6 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူအပိုင်း ၂၉ ။ Ragnarök*


သွေးနီရောင်လရောင်က ချောက်ကမ်းပါးအစွန်း၏ အနောက်သို့တိုးဝင်ပျောက်ကွယ်သွားသည်။ သူ့ခေါင်းထက်က ကောင်းကင်က နီမြန်းနေတဲ့အဆင်းအသွေး ကျန်ရှိနေဆဲဖြစ်သည်။ လေပြေလေးကဲ့သို့ လျင်မြန်လှသည့် ငွေမှင်ရောင် အရိပ်တစ်ခုက ကျောက်နံရံတွေ၏အရိပ်နဲ့မြေပြင်ကြားကနေ ဖြတ်လျှောက်သွားသည်။ အမှောင်စွမ်းအင်တွေကသူ့အမွေးထဲကိုတိုးဝင်နေပြီး အရှင်းမပျောက်သေးသည့်ဒဏ်ရာတွေနှင့်တွေ့တဲ့အခါ ပူလောင်လှတဲ့ဝေဒနာကိုခံစားရသည်။ အချိန်အတော်ကြာ အသုံးမပြုခဲ့သည့် သန်မာတဲ့ကြွက်သားတွေက ကျုံ့လိုက်ဆန့်လိုက်လုပ်တဲ့အခါ စိတ်လှုပ်ရှားဖို့ကောင်းဖွယ် နာကျင်မှုကိုပေးနေပြီးသူ့အာရုံကြောတွေကိုနှိုးဆွနေကာ သွေးတွေကသူ့ခန္ဓာကိုယ်အနှံ့ သွေးကြောတွေကနေမြစ်တစ်စင်းလို လျင်မြန်စွာစီးဆင်းနေပြီး သူ့စိတ်တွေကပြင်းထန်စွာလှုပ်ရှားနေသည်။

အချိန်အတော်ကြာပြီးနောက် ရုတ်တရက် Elinor ခဏလောက်ရပ်လိုက်သည်။ သူ့ခေါင်းကိုမော့ပြီး လေထုကိုအနံ့ခံကြည့်လိုက်သည်။ သူ့ရဲ့နားရွက်ချွန်ချွန်တွေက သတိအနေအထားဖြင့်ထောင်သွားပြီး လေထုထဲကမူမမှန်မှုတစ်ခုတစ်လေကိုပါမချန် လိုက်နားထောင်နေသည်။ ထိုလူသားကသူဘယ်နေရာမှာရှိနေသည်ကို ဖုံးကွယ်ရာတွင်အလွန်ကျွမ်းကျင်သည်။ ဤအရာကသူ့အတွက်ခြေရာခံရန် အခက်တွေ့စေသည်။ ကံကောင်းထောက်မစွာ ချောက်ကမ်းပါးကြီး၏အောက်ခြေတွင် လေနှင့်အလင်းရောင်လဲမရှိ ၊ သတ္တဝါအနည်းငယ်သာရှိသောကြောင့် သူ့ကိုခြေရာခံရန်အစိတ်အပိုင်း အနည်းငယ်ကပုံမှန်ထပ်ရှည်ကြာစွာ ထင်ကျန်နေဆဲပင် ။ Elinor ကနံရံတစ်ခုကနေ ထိုးထွက်နေသည့် ကျောက်တုံးတစ်တုံးကိုအနံ့ခံလိုက်ပြီးနောက် အရိပ်တစ်ခုလိုပင် လျင်မြန်စွာပြေးထွက်သွားတော့သည်။

အမဲလိုက်ရာကနေရလာတဲ့ စိတ်လှုပ်ရှားမှုက သူ့မျက်ဝန်းတွေကို အဆုံးမရှိတဲ့တွင်းနက်ကြီးတစ်ခုထဲက မီးရဲရဲတောက်ကာပူပြင်းနေသည့်ရွှေတွေကဲ့သို့ တောရိုင်းတိရစ္ဆာန်တစ်ကောင်ရဲ့ ရက်စက်ကြမ်းကြုတ်မှု အပြည့်တို့ဖြင့် စူးရှကာတောက်ပရွှန်းလဲ့နေသည်။ သူတို့ကြားကအကွာအဝေးက တဖြေးဖြေးနီးကပ်လာသည်ကို Elinor ခံစားမိနေသည်။ သူကအမှောင်စွမ်းအင်တွေပိုမိုစုစည်းရာနေရာတွေနှင့် ချောက်ကမ်းပါးအောက်ခြေမှာရှိတဲ့ တခြားသတ္တဝါများနှင့်မတွေ့စေရန် သတိကြီးကြီးထားပြီးရှောင်ရှားနေရကာ အမဲလိုက်ချင်စိတ်ရဲ့လွှမ်းမိုးမှုမခံရအောင်လဲ သတိထားနေရသည်။ လေထုထဲနှင့်မြေကြီးပေါ်မှာ လူသားရဲ့အကြွင်းအကျန်ခြေရာလက်ရာတွေက ပိုပိုများလာသည်။ တခါတလေမှာ မခြောက်သွေ့သေးတဲ့သွေးစက်အနည်းငယ်ကိုတွေ့ရပြီး တခါတလေမှာ ကျောက်တုံးတချို့ရဲ့အက်ရာများကြားက အပိုင်းပိုင်းကျိုးကြေနေတဲ့ အခြားသတ္တဝါတစ်ကောင်၏အရိုးတွေ တခါတလေမှာ အခြားသတ္တဝါတစ်ကောင်၏ အပိုင်းပိုင်းဆွဲဖြဲခြင်းခံထားရသည့်အသားစတချို့ပင်တွေ့ရသည်။ အရိုးတချို့ပေါ်တွင် သွားရာများအပြင် အေးစက်တိကျတဲ့ဓားသွားဖြင့် ဖြတ်ရာတွေကိုပါတွေ့ရသည်။ အာရုံစိုက်ကာပြေးလွှားနေချိန်တွင် အချိန်မည်မျှကြာသွားသည်ကို သတိပြုမိရန်ခက်ခဲလှသည်။ သွေးနီရောင်လကထွက်လာပြီးပြန်ဝင်သွားသည်။ အေးစက်ကာ သွေးစွန်းနေသည့်တောက်ပမှုက မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်လာသည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now