အပိုင်း ၂၈ ။ Ragnarök*

48 8 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူအပိုင်း ၂၈ ။ Ragnarök*


မချိမဆံ့ခံစားနေရတဲ့ဝေဒနာက ခန္ဓာကိုယ်ပေါက်ထွက်လုနီးပါး အပူဓာတ်တွေနှင့် အံ့အားသင့်ဖွယ်စွမ်းအင်တွေကိုထုတ်လွှတ်နေသည်။ သူ့ရတ်ဘတ်ထဲမှာ တစ်စုံတစ်ခုက တွန့်လိမ်တွားသွားနေပြီး သူ့သွေးနှင့်အသားစများကို ဖြတ်ကျော်ပြီးရုန်းထွက်နေသလို ခံစားရသည်။ ကောရှို့ သူ့ခေါင်းကို အနောက်က ကျောက်နံရံဆီပြင်းပြင်းထန်ထန် မှီချလိုက်ပြီး သူ့ကိုယ်တစ်ခုလုံးက တောင့်တင်းကာတုန်ခါနေသည်။

ရင်းနှီးနေတဲ့သံချေးနံ့နဲ့ သွေးတွေက အံကြိတ်ထားတဲ့သူ့ရဲ့သွားတွေနောက်မှာ အပြည့်ဖြစ်နေသည်။ သွေးနီရောင်လ၏အလင်းက အနီရောင်မြူငွေ့အလား အေးစက်နေတဲ့ကျောက်ဆောင်အဖြူတွေပေါ်ကို တိတ်ကျဆင်းလာသည်။ Elinor က ကြီးမားတဲ့တုန်ခါမှုတစ်ခုကိုခံစားလိုက်ရပြီး နိုးလာသည်။ သူကပျော့ပျောင်းစွာနဲ့ တုန်ခါနေတဲ့အရာရဲ့အဝေးကိုခုန်သွားလိုက်ပြီး တိုက်ခိုက်တော့မည့်အနေအထားနှင့် သူ့ခြေလက်တွေကိုနှိမ့်ချလိုက်ကာ အဖြူရောင်အစွယ်တွေကိုထုတ်ထားပြီး သူရဲ့ဒေါင်လိုက်ပုံစံမျက်လုံးအိမ်တွေကစူးရဲနေသည်။ ဒါပေမယ့် နောက်တစက္ကန့်အကြာမှာပဲ ချက်ချင်းပင် သူ့ရှေ့ကမြင်ကွင်းက သူ့အာရုံတွေကိုဆွဲဆောင်သွားသည်။ ဖြောင့်စင်းနေတဲ့လူငယ်လေးရဲ့ခန္ဓာကိုယ်က အမှောင်ထဲမှာတုန်ခါနေပြီး သူ့ရဲ့ဖျော့တော့နေသည့် လက်ငါးချောင်းက ကျောက်ဆောင်ရဲ့အက်ကြောင်းထနေတဲ့ ရွံ့တွေကိုစိုက်ဝင်နေသည်။ သူ့ရဲ့ပိန်လှီလှတဲ့အရိုးတွေကလဲ သေခါနီးလိပ်ပြာတစ်ကောင်လို တုန်ခါနေလေသည်။

Elinor ရဲ့ကိုယ်ပေါ်ကနေစီးကျလာတဲ့သွေးရာတွေအကုန်လုံးက​ ဂူထဲကလရောင်မှိန်မှိန်အောက်တွင် စကျင်ကျောက်ကဲ့သို့ ဖြူစင်နေပြီး သန့်စင်တဲ့အသွင်ပြင်ကိုဆောင်နေပြီး သွေးနံ့သင်းသင်းလေးက လေထဲမှာပျံ့လွင့်နေသည်။ အနီရောင်ဖျော့ဖျော့ မျဉ်းကြောင်းများသည် အရေပြားပေါ်မှာ ပထမဆုံးနှင်းကဲ့သို့ဖြူဖွေးနေလေသည်။ အလွန်ကြီးမားသည့် နှင်းဆီပွင့်သည် သာမန်မျက်စိဖြင့်တောင်မြင်နိုင်သည့် အရှိန်အဟုန်ဖြင့် နီဆွေးနေတဲ့အနီရောင်အဖြစ်တဖြေးဖြေး အရောင်နက်လာကာ ပြဒါးကဲ့သို့အရေပြားပေါ်တွင် တဖြေးဖြေးကြည်လင်လာပြီး နူးညံ့ချောမွေ့တဲ့မျဉ်းအဖြစ်ပြောင်းလဲသွားသည်။ ထူးဆန်းတဲ့ရှေးဟောင်း totem က လေထုနဲ့ထိတွေ့မိတဲ့အခါ သူ့သွားတွေနဲ့ခြေသည်းတွေကိုထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်၏တုန်ခါမှုနှင့်အတူ တဖြေးဖြေးလှိုင်းထလာပြီး နောက်တစ်စက္ကန့်အတွင်းမှာတင် သူ့အရေပြားတွေရဲ့အောက်ကနေထွက်လာပြီး အရေခွံနှင့်အရိုးတွေကနေမှတဆင့် နတ်ဆိုးပန်းပွင့်အခက်အဖြစ်ပြောင်းလဲသွားတော့မည့်အတိုင်း။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now