အပိုင်း ၂၇ ။ Ragnarök*

53 8 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူအပိုင်း ၂၇ ။ Ragnarök*


Elinor သူ့ရဲ့ရှေ့ကနှလုံးကိုစိုက်ကြည့်နေမိသည်။ လတ်ဆတ်နေတဲ့အစားစာကသူ့ရဲ့ အာရုံခံစားမှုတွေကိုထိုးနှက်နေပြီး ပါးစပ်ထဲမှာသားရည်တွေပါပြည့်လျှံလာသည်။ သူ့ရဲ့သားရဲဗီဇကစားရန်တိုက်တွန်းနေလေပြီ။ သူ့ခန္ဓာကိုယ်ထဲမှာကျန်နေသေးတဲ့အလင်းစွမ်းအင်တွေက သူ့စိတ်ထဲမှာမတည်မငြိမ်ဖြစ်နေသည်။ သူစားလိုက်ရင်ဘာမှမဖြစ်သွားနိုင်ပေမယ့် ယုံကြည်မှုအရင်းမြစ်နဲ့စစ်ပွဲတွေရင်ဆိုင်လာတဲ့ Fenrir နတ်ဘုရားတစ်ပါးအနေနဲ့ လူသတ်ခြင်းကိုတားမြစ်မထားပေ။ Fenrir မျိုးနွယ်ဝင်တွေက စစ်နဲ့အမဲလိုက်ခြင်းကိုအမြဲသဘောကျကြပြီး ရန်သူရဲ့အသွေးအသားအကုန် ဝါးမျိုတတ်သည့်ဗီဇရှိသည်။ ဒါပေမယ့်လဲ သူ့ရဲ့နတ်ဘုရားရောင်ဝါကိုခိုးယူခံရပြီး သူ့ရဲ့ယုံကြည်မှုစွမ်းအားတွေ ပျောက်ကွယ်သွားတဲ့အခါမှာတော့ အရာရာဟာအရင်နဲ့မတူတော့။ အမှောင်သတ္တဝါတွေကိုစားသုံးခြင်းက သူ့ကိုအမှောင်ထုရဲ့စုပ်ယူခြင်းကိုခံရစေနိုင်ပြီး အသွင်ပြောင်းသွားကာ အမှောင်လောကဘက်ကလူတစ်ယောက်ဖြစ်သွားစေနိုင်သည်။

ချောက်ကမ်းပါးကြီးရဲ့အောက်ခြေမှာ များပြားတဲ့အမှောင်စွမ်းအင်တွေရှိနေပေမယ့်လဲ သူ့ခန္ဓာကိုယ်ကိုမလောင်ကျွမ်းတော့တဲ့အပြင် ပိုအားကောင်းလာကာအာဟာရဖြစ်လာတာမလို့ သူ့ကိုယ်ပေါ်ကဒဏ်ရာတွေက်ို အမြန်ပျောက်ကင်းစေပြီး ပြန်လည်သန်စွမ်းလာတော့သည်။ ဒါပေမယ့် ဒါက Calvary ရဲ့ စည်းတံဆိပ်ခတ်နှိပ်မှုအောက်ကိုရောက်သွားပြီလို့ဆိုလိုခြင်းပင်။ အလင်းနတ်ဘုရားဖန်တီးထားတဲ့ ဒီစည်းတံဆိပ်က အမှောင်နတ်ဘုရားရဲ့အရိုးတွေကိုအသုံးပြုထားတာဖြစ်ပြီး အမှောင်လောကရဲ့သတ္တဝါမှန်သမျှအပေါ်သက်ရောက်မှုရှိသည်။ သူကပြည်မကြီးရဲ့တစ်ဖက်ခြမ်းကိုရောက်သွားစေတဲ့ ကျိန်စာမိလာတာဖြစ်ပြီး စည်းတံတိပ်ကလဲသူ့ကိုမတားဆီးနိုင်ခဲ့ပေ။ ဒါပေမယ့်သူအမှောင်လောကထဲကိုခြေချလိုက်တာနဲ့ Calvary ရဲ့ တံဆိပ်ကအသက်ဝင်လာပြီး သူဒီနေရာကနေ ဘယ်တော့မှပြန်ထွက်သွားနိုင်တော့မည်မဟုတ်ပေ။ ဒါကသူ့ရဲ့လက်စားချေမည့်အစီစဉ်ကိုမဖြစ်မြောက်အောင်လုပ်နေသည်လေ။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now