ပုန်ကန်ထကြွဖို့မွေးဖွားလာသူအပိုင်း ၃၀ ။ Ragnarök*
Ariyust က အကြောက်တရားတွေဖြင့်ပြည့်နှက်လာသည်။ အကျိအချွဲတွေနှင့်ဖုံးလွှမ်းကာ ပျက်ဆီးနေသည့်ခန္ဓာကိုယ်က ပြင်ပကနေကာကွယ်ပေးမည့်အခွံမာမရှိ သူ့ရဲ့အဓိကအားနည်းချက်က နှလုံးဖြစ်သည်။ အမှောင်စွမ်းအားတွေပေါင်းစည်းကာပြုလုပ်ထားသည့် ချွန်ထက်သောဓားက သူ့၏ပျက်ဆီးယိုယွင်းနေတဲ့ဗိုက်ကိုလှီးဖြတ်ပစ်လိုက်ကာ တွန့်လိမ်နေသည့်ခန္ဓာကိုယ်ကို ညင်သာစွာလှည့်ပတ်လိုက်ပြီး ပြင်းထန်စွာလှုပ်ရှားနေဆဲဖြစ်သည့်နှလုံးကို ဓားဖြင့်ထိုးချလိုက်ကာ ဓားဖျားကိုအသုံးပြု၍ ရွံဖို့ကောင်းသည့်ခန္ဓာကိုယ်ကြီးကို ပါးပါးလှီးထားသည့်အသားများအဖြစ် ဖြတ်ပိုင်းပစ်လိုက်သည်။ Gasser ဆိုသည်မှာ အဆိပ်ရှိအင်းစက်တစ်မျိုးဖြစ်ပြီး ဆွေးမြေ့နေသောအလောင်းများကိုစားသောက်ကာ ခန္ဓာကိုယ်အနှံ့ သေစေနိုင်လောက်သည့်အဆိပ်များကိုသယ်ဆောင်ထားပြီး အန္တရာယ်ကျရောက်လာသောအခါတွင် သူ့ခန္ဓာကိုယ်ကိုကွေးလိုက်ပြီး သူ့ကိုယ်ပေါ်ရှိ ပြင်းထန်လွန်းလှသည့်အဆိပ်များကို ကာကွယ်ကဲ့သို့အသုံးပြုကာ နူးညံ့သည့်သူ့၍ဝမ်းဗိုက်ကို ကာကွယ်ထားသည်။
အမှောင်စွမ်းအင်ဖြင့်ပြုလုပ်ထားသည့်အတားအဆီးတစ်ခုကိုသုံး၍ ထိုအင်းစက်တွေကို ဖမ်းချုပ်လိုက်ပြီး လေထဲတွင်မြောက်ထားလေသည်။ လူမျက်နှာဖြင့်အင်းဆက်ကြီးများကအတားအဆီးထဲတွက် လျှောက်ပြေးနေပြီး နားမခံနိုင်လောက်သည့်အော်ဟစ်သံများကိုပြူလုပ်နေရာ လေထဲမှာရှိသည့်အတားအဆီးကကွဲအက်သွားပြီး အဆိပ်ရှိတဲ့အင်းစက်တွေကအောက်သို့လျင်မြန်စွာပြုတ်ကျသွားလေသည်။ အင်းစက်တွေက သူတို့ခြေလက်တွေကိုဆန့်ထုတ်လိုက်ပြီး မြေကြီးပေါ်အကျသက်သာအောင်လုပ်လိုက်သည်။ သူတို့ကမြေပြင်နှင့်တဖြည်းဖြည်းနီးကပ်လာပြီး ရုတ်တရက်မှာပဲ ချွန်ထက်နေသည့်ဓားသွားကမြေကြီးထဲမှုထွက်လာကာ သူတို့ရဲ့ဗိုက်တွေထဲထိ ဖောက်ထွင်းဝင်ရောက်သွားပြီး ညစ်ပတ်လှသည့်သွေးပျစ်ပျစ်များထွက်လာတော့သည်။