မုန့်ဟင်းခါးကတဖြည်းဖြည်း လူကြိုက်များလာပြီး စားတဲ့သူတွေကလည်း များလာသည်။ မနက်ဆိုရင် အစောကြီးကုန်တတ်ကာ နောက်ကျတဲ့သူတွေကမစားရပေ။ ပမာဏတွေထပ်ထပ်တိုးပြီး လုပ်သော်လည်း မလောက်တာကြောင့် ဝယ်သူတွေရဲ့ ဆူပူခြင်းကို အမြဲခံရသည်။ မနက်ခင်းနဲ့တင်အမြဲကုန်သွားတဲ့သူ့ဆိုင်လေးကို မုန့်များများလုပ်ဖို့နဲ့ တစ်နေကုန်ဖွင့်ဖို့ ပြောသူတွေများလာတာကြောင့် နောက်နည်းလမ်းတစ်ခုလောက် စဥ်းစားကြည့်ဖို့ လိုလာပြီမှန်းသူသိသည်။ တကယ်တော့ အခုပမာဏတောင်မှ 'ဆန်ချောင်း'နဲ့သူသာမက ကလေးတွေကပါ တတ်နိုင်သလောက်ကူပေးနေခြင်းဖြစ်ပြီး၊ ပမာဏ ထပ်တိုးဖို့ကို သူမတတ်နိုင်ပါ။ ဒါကြောင့် သူဆိုင်လေးမှာ ဝန်ထမ်းခန့်ဖို့ စီစဥ်ထားသည် ဘယ်သူ့ကို ခန့်ရမလဲကိုတော့ သူမသိသေး။
ဆိုင်သိမ်းပြီးပြန်လာတဲ့ 'ဆန်ချောင်း'မိသားစုဝင်တွေကို စျေးထဲကလူတွေမှ ကြည့်နေကြ လေသည်။ အတိအကျဆိုလျှင်တော့ သူတို့ခေါင်းပေါ်က ဦးထုပ်ကို ကြည့်နေကြခြင်းဖြစ်သည်။ တချို့ဆို သူတို့ရဲ့ဆိုင်မှာ မုန့်ဟင်းခါး လာစားရင်းနဲ့ ဒီဦးထုပ်တွေကို ဝယ်လို့ရနိုင်မလားလို့မေးကြည့် ကြသေးတယ်။ ဒါကြောင့်သူက နောက်ပိုင်း'ဆန်ချောင်း'လုပ်ထားတဲ့ ဦးထုပ်တွေကို အနည်းငယ်ရောင်းချမယ်လို့ ဆုံးဖြတ်ထားလိုက်တယ်။
စျေးထဲကို ပတ်ကြည့်လိုက်ပြီး ဘယ်သူမှ ငါးပိ၊ငါးခြောက်တွေကို မလုပ်ဘူးဆိုတာ သူအတည်ပြုလိုက်တယ် ဒါကြောင့် သူက သူတွေးထားတာ မဆိုးဘူးလို့ စဥ်းစားမိလိုက်သည်။ထို့နောက် သူက အိမ်မှာ ချက်ဖို့ တစ်ခုခုဝယ်ပြီး ပြန်ဖို့လုပ်လိုက်တယ်။
"အန်တီ အာလူးရှိလား"
"အာလူး အဲ့တာက ဘာကြီးလဲ"
"မြေကြီးထဲကထွက်လာတဲ့ ဥလေ သူက ပြုတ်ပြီးပဲဖြစ်ဖြစ်၊ မီးဖုတ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဆီနဲ့လည်း ချက်စားလို့ရတယ်"
"ဟုတ်လား အန်တီတော့ တစ်ခါမှ မကြားဖူးဘူး စားလည်းမစားဖူးဘူးကွယ့်"
အာလူးက သူသိသလောက်ဆို ခေတ်အဆက်ဆက်မှာ အခြေခံအစားအစာအနေနဲ့တောင် လူတိုင်းစားနိုင်ခဲ့ကြတဲ့ အစားအစာဖြစ်ပြီး ပွားနှုန်းမြန်ပြီး အမြဲပေါများတဲ့အစားအစာဖြစ်ခဲ့တာ၊ အခုတော့ အာလူးက မပေါ်သေးဘူးတဲ့လား၊ သေချာတာ တစ်ခုက ဒီကလူတွေနဲ့ နေထိုင်မှုဘဝတွေက အတော်နိမ့်ကျတယ်ဆိုတာပါပဲ။ ဒါကြောင့်ဆိုင်မှာခင်းထားတဲ့ ဘုံလုံသီးအနည်းငယ်နဲ့ အသားစျေးတန်းက ပုဇွန် အကောင်လေးတွေကို ဝင်ဝယ်လာခဲ့သည်။
![](https://img.wattpad.com/cover/373841734-288-k957759.jpg)
YOU ARE READING
ဆန်ချောင်းတို့မိသားစု
Historical Fictionအချိန်ကူးပြောင်းလာသော 'ရွှေတလင်း' နဲ့ ဉာဏ်ရည်အနည်းငယ်ချို့တဲ့နေတဲ့ ရွာသားလေး 'ဆန်ချောင်း'၊ ချစ်စဖွယ် ကလေးသုံးယောက်နဲ့အတူ ရွာအငွေ့အသက်လေးတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်။