Ep - 5

63 16 3
                                    

အပိုင်း (၅)

ငါ ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေ

ဒီနှစ် ဒီဇင်ဘာဆို နေခ အသက် တစ်ဆယ့်နှစ်နှစ် ပြည့်မည်။ ခြောက်တန်း ကျောင်းသား နေခအဖို့ ကြုံဆုံရသည့် လောက အရောင်တချို့မှာ နားလည်ဖို့ ခက်ခဲသည်။

ဆေးကျောင်းသား ကိုကြီးက ဖေဖေနဲ့ မေမေ့ရဲ့ မျှော်လင့်ချက် အိပ်မက်ကို မဖြည့်ဆည်းနိုင်ခဲ့ပေ။ ကိုကြီးကို ဆရာဝန် ဖြစ်လာဖို့ အစွမ်းကုန် ပံ့ပိုးပေးခဲ့လည်း ဖေဖေ့မှာ ရင်ထုမနာ ဖြစ်ရသည်။ မေမေ့ မျက်ဝန်းအိမ်မှာ ပုလဲရေကြည် ခခဲ့သည်။ ကျောင်းရပ်နားခြင်း ထုတ်ပြန်စာက လူငယ် သဘာဝ ကိုကြီးရဲ့ မိုက်မဲမှုကို အတိအလင်း ကြေညာ မောင်းခတ်ပစ်သည်။ ကျောင်းမှာ ဆေးချသည့် သူငယ်ချင်းတွေနဲ့ ပေါင်းကာ ကိုကြီးရဲ့ ဆိုးသွမ်းမှုက နာမည်ကျော်ခဲ့သည်။ ကျောင်းခေါ်ချိန်တွေလည်း မပြည့်မီခဲ့။ အဆုံးမသတ်သည့် မှားယွင်းမှုက ကိုကြီးကို လမ်းမှန်မှ သွေဖယ်စေသည်။ နောက်ဆုံး အရက်ပါ သောက်တတ်လာသည့် ကိုကြီးက မိသားစုရဲ့ အမိုက်မဲဆုံး သားအဖြစ် ရှင်သန် နေထိုင်သည်။ ဘဝကို ရည်ရွယ်ရာ မရှိ ဖြတ်သန်းသည်။ အင်ဂျင်နီယာကျောင်း ဝင်ခွင့်ရသည့် ကိုလေးက အရွယ်လေး ရလာတာနဲ့အညီ ကိုကြီးအပေါ် အံတုလိုမှုတွေ ရှိလာသည်။ တစ်ခါတရံ ဖြစ်လေ့ဖြစ်ထရှိသည့် အကြီး အငယ် မသင့်မြတ်သည့် ဆက်ဆံရေးမှာ သားတွေကို ထိန်းကွပ်ဖို့ ဖေဖေ့ ဒေါသနဲ့ လက်သီးက  ကြားဝင်ပါရသည်။

2008 ခုနှစ် မေလမှာ မြန်မာနိုင်ငံ တစ်ဝှမ်း မျက်ရည်မဆည် ဖြစ်ရသည့် နာဂစ် မုန်တိုင်းကို ကြုံတွေ့သည်။ နေခတို့ ရွာမှာ အသေအပျောက် မရှိပေမဲ့ လူနေအိမ် တချို့ အိမ်ခေါင်မိုးသွပ်တွေ လန်သည်။ ထိုအထဲ နေခတို့ အိမ်လည်း ပါသည်။ အိမ်အို အိမ်ငယ်တချို့ ယိုင်နဲ့ကာ ဟန်ချက် ပျက်သည်။ သစ်ပင် တချို့ လဲသည်။ နှစ်ကြာရှည် စိုက်ပျိုးခဲ့ရသော သရက်ပင် အမြောက်အများကို ဆုံးရှုံးခဲ့သည်။ အုန်းပင်မှ အုန်းသီး အုန်းလက်တို့ တဖြိုင်ဖြိုင် ကြွေကျခဲ့သော နှစ်ဆိုလည်း မမှားပေ။ စားဝတ်နေရေးအတွက် ခက်ခဲစွာ ရုန်းကန်ရသော မိသားစုအတွက် ကြပ်တည်းမှုကို ဆတိုး ခံစားရသည်။ နေခတို့ ကျောင်းလည်း ခေါင်မိုးသွပ်တွေ လန်သွားသည်။ ရွာထဲက လူများ အိမ်အပြင် မထွက်ရဲကြပေ။ ပင်လယ်ကမ်းစပ်နှင့် နီးသော ဒေသတွေမှာ ပို၍ ဆိုးဆိုးရွားရွား ရင်ဆိုင်ရသည်။

96 LinerWhere stories live. Discover now