လပြည့်ညဖြစ်ပေမဲ့ တလိပ်လိပ်တက်လာတဲ့မိုးရိပ်တွေကြောင့်လရောင်ပင် မှေးမှိန်သွားလေပြီ
ခပ်သော့သော့ကစားလာတဲ့လေကြမ်း
တို့ကြောင့်ဖွင့်ထားတဲ့ပြတင်းပေါက်လေးက ဝုန်းခနဲတစ်ချက်ပစ်ဆောင့်သည်~~"ဒီညတော့ မိုးရွာမယ်ထင်တယ်~"
ဆောင်းဟွန်းတစ်ယောက် စာဖတ်နေရင်း ပြတင်းပေါက်ကနေ ရာသီဥတုအခြေ
အနေကြည့်ပြီးတံခါးဂျက်ထိုးလိုက်သည်~~ရုတ်တရက်မည်းမှောင်သွားတဲ့အခန်း
ကြောင့် ဆောင်းဟွန်းစုပ်သပ်မိသည်~အရေးအကြောင်းဆို မီးကလည်းပျက်ပြီ~
*knock knock*
တံခါးခေါက်သံကြောင့် ဖွင့်ကြည့်လိုက်တော့ မှောင်ထဲမှာဓာတ်မီးကိုင်ပြီးရပ်နေတဲ့ကောင်လေး~
"ဂင်ဆောနူ မင်းမအိပ်သေးဘူးလား?"
"လေတွေတိုက်လာလို့ အိပ်မပျော်လို့လေ ဆောင်းဟွန်းနီးဟျောင်းအခန်းကမီးလင်းနေလို့လာကြည့်တာ ဟီး"
"အမေရော အိပ်သွားပြီလား?"
"ခုနကပဲ ဆေးတိုက်ပြီးသိပ်လိုက်ပါတယ်~ဒါနဲ့ ဆေးစစ်ချက်ကို ဒေါ်လေးကိုပြောပြမှာလား?"
ဆောနူအမေးကြောင့် ဆောင်းဟွန်းသက်ပြင်းချလိုက်မိသည်~
"ငါကတော့ ဆေးစစ်ချက်ရလဒ်ကိုအမေသိသွားလို့ ပိုပြီးရောဂါတိုးလာမှာပဲစိုးတာ~"
"ဟုတ်တယ်နော်~ဒေါ်လေးက ဒီနောက်ပိုင်း စိတ်အရမ်းပျော့တာပဲ~ခွဲစိတ်ဖို့ကျတော့လည်း ကျွန်တော်တို့တောင် နေထိုင်စားသောက်ရုံအနိုင်နိုင်ရယ်~ဘယ်လိုလုပ်ကြမလဲ ဟျောင်း"
"အင်း......ငါစဥ်းစားကြည့်ပါဦးမယ်~အမေ့နှလုံးကမြန်မြန်ခွဲစိတ်နိုင်မှ အဆင်ပြေမှာ~"
"ဒီလိုလုပ်မလား ဟျောင်း~ကျွန်တော်တို့ ဒေါ်လေးမသိအောင် ဒီအိမ်ကိုခဏပေါင်ထားလိုက်မယ်လေ~နောက်ကျ အဆင်ပြေမှပြန်ရွေးပေးလိုက်မယ်~မကောင်းဘူးလား?"
ဆောနူရဲ့နဖူးကိုဆောင်းဟွန်းခပ်ဆတ်ဆတ်လေးတစ်ချက်တောက်လိုက်သည်~~