"ဆောင်းဟွန်းနီး ကိုယ်မဝင်ရဲဘူး....ဘယ်လိုလုပ်မလဲ?? "
ဟီဆွန်းကအခန်းရှေ့မှာရပ်နေပြီး တံခါးတစ်ဖက်မှာရှိနေမဲ့သူကိုတွေ့ဖို့ရာ အတော်လေးစိတ်လှုပ်ရှားနေပုံပေါ်သည်~~
"ဘာမှမဖြစ်ပါဘူးဆို~~အမေကမင်းကိုတွေ့ချင်နေတာ~~ငါတကယ်ပြောတာ~မင်းဘက်ကတောင်းပန်တာနဲ့ ခွင့်လွှတ်ပေးလိမ့်မယ်...ဝင်သွားတော့"
"အား.....တကယ်ကြီး နှလုံးကအခုန်မြန်လာသလိုပဲ~နားထောင်ကြည့်မလား??? "
ဆောင်းဟွန်းကဟီဆွန်းရင်ဘတ်ကိုခေါင်းလေးကပ်လိုက်သည်~~
"တကယ်ကြီးပဲ~~မင်းလက်တွေကလဲအေးစက်နေတာပဲ~အဲ့လောက်တောင်အမေ့ကိုကြောက်တာလားဟင် ?? "
ဆောင်းဟွန်းကမေးလာတော့ ဟီဆွန်းမျက်နှာကိုအတတ်နိုင်ဆုံးညှိုးငယ်ထားပြီး ခေါင်းညိမ့်ပြလိုက်သည်~~
အမှန်တော့ ဟီဆွန်းရင်ခုန်တာ အမေ့ကြောင့်မဟုတ်~ ဆောင်းဟွန်းကြောင့်သာ.....
တသက်လုံးအတူနေလာတဲ့အမေ့အကြောင်းသိပြီးသားမို့ ဆောင်းဟွန်းပြောစကားအရ အမေကသူ့ကိုစိတ်ပြေနေမှန်းသိပါသည်~~
အမေကနေမှမကောင်းတာ သူ့ကိုဘာလုပ်နိုင်မှာလဲ???
အလွန်ဆုံး ခေါင်းခေါက်ခံရရုံ~~ပါးရိုက်ခံရရုံပေါ့~
ဆောင်းဟွန်းကသူ့ကိုစိတ်ပူနေမှန်းသိလို့သာ ဟီဆွန်းကမူယာမာယာများနေခြင်းဖြစ်သည်~~
"ဒါဆိုငါဘာလုပ်ပေးရမလဲ?? "
"အင်း....ကိုယ့်ကိုခဏလောက်ဖက်ထားပေးပါ.."
"...??..."
"နော်လို့ ဆောင်းဟွန်းနီး....အဲ့တာမှ ကိုယ့်စိတ်တွေတည်ငြိမ်သွားမှာ.....ဖက်ထားပေးမယ်မလား?? "
ဟီဆွန်းရဲ့မျက်နှာငယ်လေးကိုသာ သူ့တပည့်တွေမြင်ရင်တော့ဖြင့် နေ့စဥ်နေ့တိုင်း ဆူပူကြိမ်းမောင်းနေတဲ့ သူတို့Bossက ဝိညာဥ်လဲသွားတာလားမေးယူရလောက်သည်~~~
ဆောင်းဟွန်းသက်ပြင်းတစ်ချက်ချလိုက်ပြီး
ဟီဆွန်းကိုပွေ့ဖက်လိုက်သည်~~သူကနဂိုတည်းကဟီဆွန်းအနားရောက်ရင် အလိုလိုရင်ခုန်မြန်လာတတ်လို့ သူ့နှလုံးခုန်သံတွေဟီဆွန်းကြားသွားမှာတောင်စိုးရိမ်ရပါသည်~~